လူဝကြီး အဖြစ်မှ ပျိုမေတို့အကြိုက် ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ပိုင်ရှင် သွားသူ

အင်္ဂလန်နိုင်ငံသား မိုက်ဟာ အ၀လွန်သူအဖြစ် သတ်မှတ်ခံထားရပေမယ့် လက်ရှိအချိန် မှာတော့ သူ့ကို ကြွက်သားတွေ ပိုင်ဆိုင်ထားသူအဖြစ် ခေါ်ဆိုနေကြ ပါတယ်။ အသက် (၃၂) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ မိုက်ရဲ့ ကိုယ် အလေးချိန်က (၄၆၂) ပေါင် အထိ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကိုယ် အလေးချိန်က (၂၅၂) ပေါင်သာ ရှိပါတော့တယ်။ တစ်နည်းအားဖြင့် လူဝကြီး အဖြစ်မှ ကြွက်သားတွေနဲ့ အချိုးကျ လှပတဲ့ ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မိုက်ဟာ အသက် (၂၁) နှစ် အရွယ်မှာ ကိုယ်အလေးချိန် (၃၀၈) ပေါင်ရှိခဲ့ ပါတယ်။ ဒီနောက် မဆင်မခြင် နေထိုင် စားသောက်မှုကြောင့် အသက် (၂၉) နှစ် အရွယ်မှာ ကိုယ်အလေးချိန် (၄၆၂) ပေါင် အထိ ဖြစ်လာပါတယ်။ အ၀လွန်မှုကို မိုက် အနေနဲ့ စိတ်ပျက်လာခဲ့ပြီး အစာအိမ်ကို တောင် ဖယ်ထုတ်ပစ်ဖို့ စဉ်းစားလာခဲ့ ပါတယ်။ မိုက်ဟာ ငွေကြေး ကုန်ကျခံပြီး ခွဲစိတ်မှု ပြုလုပ်ခဲ့ပေမယ့် လိုချင်တဲ့ အဖြေမရတာမို့ ကာယ လေ့ကျင်မှုနဲ့ အလေးချိန် လျှော့ချဖို့ ကြိုးစားခဲ့ပါတယ်။ ဒီနောက် မိုက်ဟာ အလေးချိန် လျော့ကျဖို့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အကျိုးဆက် ကတော့ အံ့အားသင့်ဖွယ်ကောင်းအောင် မတူညီတော့တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ မိုက်ဟာ သူ့ရဲ့ကိုယ်အလေးချိန် လျှော့ချစဉ် အတွင်း ကြုံတွေ့ခဲ့တဲ့ အရာတွေကို စာအုပ်အဖြစ် ရေးသားပြီး ထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင် မိုက်ဟာ အ၀လွန် သူတွေကို အကြံဉာဏ်ပေးပြီး ကူညီမှုတွေ ပေးနေပါတယ်။ မိုက်က ကိုယ်အလေးချိန် လျှော့ချရာမှာ စိတ်ဓာတ် ကြံ့ခိုင်မှုက အလွန်း အရေးကြီးကြောင်း အကြံပြု ပြောကြားခဲ့ပါတယ်။ 
Messenger

0 comments:

Post a Comment