ပျောက်ဆုံးတောင်တက်သမား ၂ ဦး တောင်ထိပ်ပေါ်ကနေခြေချော်ကျတာဖြစ်နိုင်လို့ ဆို


ခါကာဘိုရာဇီရေခဲတောင်ထိပ်ကိုရောက်ရှိခဲ့ပြီး ပျောက်ဆုံးနေတဲ့ တောင်တက်သမား နှစ်ဦးဟာ တောင်ထိပ်ပေါ်ကနေ ခြေချော်ကျသွားတာဖြစ်နိုင်သလို ရေခဲတောင်ချောက်ကမ်းပါးတွေကြား ကျသွားတာလည်း ဖြစ်နိုင်တယ်လို “ခါကာဘိုရာဇီ” အောင်နိုင်ရေးအဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။


ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့တဲ့ ခါကာဘိုရာဇီခရီးစဉ် သတင်းစာရှင်းလင်းပွဲမှာ တက္ကသိုလ်များ ခြေလျင်နဲ့တောင်တက်အသင်း၊ သဘာဝခေါ်သံဖောင်ဒေးရှင်း ဥက္ကဋ္ဌ ခါကာဘိုရာဇီ အောင်နိုင်ရေးခရီးစဉ် ညွှန်ကြားရေးမှူး ဦးမျိုးသန့် က သတင်းထောက်တွေကို အဲဒီလို ပြောခဲ့တာဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၄နာရီ ၂၅ မိနစ်က ခါကာဘိုရာဇီတောင်ထိပ်ပေါ်ကို ရောက်ရှိခဲ့ပြီး တောင်ခြေစခန်းမှာရှိနေတဲ့ ထောက်ပံရေး အဖွဲ့ဝင်တွေနဲ့အတူ ဆက်သွယ်ရေးကရိယာကနေတဆင့် နိုင်ငံတော်သီချင်းကို ပြိုင်တူသီဆိုခဲ့ ကြပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အဆက်အသွယ်ပျက်တောက်ခဲ့ တာ ဒီကနေ့ဆိုရင် ရက်ပေါင်း၂၂ ရက်ရှိပြီဖြစ်ပါတယ်။

RFA

0 comments:

Post a Comment