ထိုင်းဝန်ကြီးချုပ်ဟောင်း အဘ်ဟီးဆစ် လူကြိုက်များသည့် ရာခိုင်နှုန်း မြင့်တက်လာဟု စစ်တမ်းတစ်ရပ်တွင် ဖော်ပြ

ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ဝိတ်ချာချီဝအား လူကြိုက် များသည့် အရေအတွက် သည် မြင့်တက်လာပြီး ဖြူထိုင်းပါတီခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း ယင် လတ်ခ်အား လူကြိုက်များသည့်အရေအတွက် ကျဆင်းသစွားကြောင်း ဘန်ကောက်မြို့တွင် ပြုလုပ် သည့် စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားကြောင်း သိရသည်။



အဘီဆစ်အား နှစ်သက်သည့်ရာခိုင်နှုန်းမှာ မတ်လတွင် ၁၈ ဒသမ ၄ ရာခိုင်နှုန်းရှိရာမှ ၅ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာပြီး ယခုအခါ ၂၄
ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီး ယင်လတ်ရှင်နာဝပ်ထရာအား လူကြိုက်နှုန်းမှာ အလားတူကာလအတွင်း ၂၂ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ၄ ဒသမ ၅ ရာခိုင်နှုန်းကျ ဆင်းကာ ၁၈ ဒသမ ၄ ရာခိုင်နှုန်းသို့ ရောက်ရှိသွားကြောင်း သိရသည်။

လက်ရှိဝန်ကြီးချုပ် ပရာယွတ်အစိုးရအနေဖြင့် ကဏ္ဍပေါင်းစုံအတွက် ရည်မှန်းချက်များကို ပြီးစီးအောင် ဆောင်ရွက်ရန် တစ်နှစ်ကျော်လွန် ပါကလည်း လက်ခံကြောင်း ပြည်သူ အများစုက လိုလား ကြောင်း သိရသည်။

စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၁၁၇၀ ဦးအနက် ၆၆ ရာခိုင်နှုန်းက လက်ရှိအစိုးရအနေဖြင့် တစ်နှစ်ကျော် ပါကလည်း ဆက်လက်အုပ်ချုပ် သွားနိုင်ကြောင်း ဖြေဆိုခဲ့ကြပြီး ၃၃ ဒသမ ၆ ရာခိုင်နှုန်းက သတ်မှတ်ချက်များကို တစ်နှစ်အတွင်း ဆောင်ရွက်ကာ ရွေးကောက်ပွဲကို ကျင်း ပပေးရန် တောင်းဆို ထားကြသည်။

ပရာယွတ်အစိုးရအနေဖြင့် အကျင့်ပျက်ခြစားမှုတိုက်ဖျုက်ရေးလုပ်ငန်းများကို တစ်နှစ်အတွင်း အောင်မြင်စွာ လုပ်ဆောင်ရန် တိုက်တွန်းထား သည်။

ဒီမိုကရက်တစ်ပါတီအမတ်လောင်း ၀ါရောင်ဒက်ဂစ်ဗီရွန်က အစိုးရအနေဖြင့် ပြည်သူများထံမှ ဆန်ဝယ်ယူရေးအစီအစဉ်တွင် အကျင့်ပျက်ခြစား မှုများ ပေါ်ပေါက်ခဲ့ခြင်းသည် ဖြူထိုင်းပါတီအပေါ် လူကြိုက်များမှု ကျဆင်းသွားရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီမိုကရက်ပါတီအပေါ် လူကြိုက်များလာခြင်းကို ၀ါရောင်က ကြိုဆိုလိုက်သော်လည်း စိတ်ဝမ်းကွဲမှုများ မဖြစ်စေရန် ယင်းကိစ္စနှင့် ပတ်သက် ၍ ပြောဆိုခြင်း မပြုကြရန် သတိပေးခဲ့သည်။

ဝန်ကြီးအစည်းဝေးခန်းအတွက် အသံပိုင်းဆိုင်ရာ ပစ္စည်းများဝယ်ယူရန်အစီအစဉ်ကို ၀န်ကြီးချုပ်ပရာ ယွတ်ချန်အိုချာက ပယ်ဖျက်လိုက်ခြင်း အပေါ် ၀ါရောင်က ချီးမွမ်းလိုက်သည်။

မိုက်ကရိုဖုန်း ၈၉ လုံးနှင့် LCD ဖန်သားပြင်များပါဝင်မည့် အဆိုပါစနစ်အတွက် ဘတ်ငွေ ၁၄၅၀၀၀ (ဒေါ်လာ ၄၅၀၄) ခန့် ကုန်ကျမည်ဟု
တွက်ချက်ထားခဲ့သည်။
Ref:The Nation

0 comments:

Post a Comment