သားငယ် သေဆုံးမှုမှာ မိခင်ဖြစ်သူ ပတ်သက် ခဲ့သလား


၂၂ လသားသာရှိသေးတဲ့သားဖြစ်သူကို အပူလွန်ကဲတဲ့ကားထဲမှာ ခုနစ်နာရီကြာ
ထားခဲ့ပြီးအလုပ်ဆင်းခဲ့တဲ့ ဖခင်ရဲ့လုပ်ရပ်ကြောင့် ကလေးငယ်သေဆုံးသွားချိန် မှာတော့ ရဲတပ်ဖွဲ့က ဖခင်ဖြစ်သူဂျက်စတင်ရော့ဟာရစ်ကို လူသတ်မှု နဲ့ တရားစွဲ ဆိုခဲ့ပါတယ်။


အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်က ဟာရစ် အမှုအတွက် National Enquirer က စုံစမ်းဖော်ထုတ်လာချိန်မှာတော့ လူမဆန် တဲ့လုပ်ရပ်အတွက် သံသယရှိသူတစ်ယောက် ထပ်တိုး လို့ လာပြန်ပါတယ်။ Enquirer က သေဆုံးသွားတဲ့ ကော့ ပါးအမှုအတွက် တာဝန်ရှိရဲအရာရှိတစ်ဦးကို မေးမြန်းခဲ့ ရာမှာတော့ ကော့ပါးလေးသေဆုံးမှုမှာ မိခင်ဖြစ်သူကိုပါ သေကြောင်း ကြံစည်မှုထဲပါဝင်သူအဖြစ် တာဝန်ရှိသူတွေ က သံသယရှိနေတယ်လို့ ဆိုပါတယ်။

အကြောင်းက တာဝန်ရှိသူတွေဟာ ကော့ပါး သေဆုံးမှုကို မိခင်ဖြစ်သူ လီနာဟာ ရစ်ကို အကြောင်း ကြားခဲ့တဲ့အချိန်မှာ လီနာက ကလေးအကြောင်းကိုမမေး မြန်းခဲ့ဘဲ ခင်ပွန်းဖြစ်သူအကြောင်းကိုသာ မေးမြန်းခဲ့ တယ်လို့ ဆိုပါတယ်။ ယင်းအတွက် ရဲဝန်ထမ်းတွေက လီနာကိုစစ်ဆေးတဲ့အခါ လီနာက သူမရဲ့သားသေဆုံး အောင် ဘာကြောင့်ခင်ပွန်းဖြစ်သူက အခုလိုထားခဲ့ရ သလဲဆိုတာ သိချင်နေတဲ့အတွက်ကြောင့်ပါလို့ ဖြေကြား ခဲ့ပါတယ်။

တာဝန်ရှိသူတွေက လီနာရဲ့အဖြေဟာ သား ဖြစ်သူ ပူလောင်နေတဲ့ကားထဲ ထားရစ်ခံရမှာကိုသာ စိုးရိမ်နေပြီး သေဆုံးမှုကို စိုးရိမ်ခြင်းမရှိဘူးလို့ အဓိပ္ပာယ် သက်ရောက်နေတယ်လို့ ယူဆကြပါတယ်။ တာဝန်ရှိ သူတွေ သံသယရှိစေတဲ့နောက်တစ်ချက်ကတော့ လီနာ တို့လင်မယားဟာ သားငယ်လေးကော့ပါး သေဆုံးမှု အတွက် အသက်အာမခံကြေး ဒေါ်လာ၂၇ဝဝဝကို ထုတ် ယူခဲ့ပြီးပါပြီ။ ဖခင်ဖြစ်သူဟာရစ်ကလည်း ထောင်ကျ နေချိန်မှာ မိသားစုဝင်တွေကို ကော့ပါးရဲ့အသက်အာ မခံကြေးရရှိဖို့အတွက် ခေါ်ယူဆွေးနွေးတိုင်ပင်ခဲ့တယ် လို့ဆိုပါတယ်။

ကော့ပါးလေးရဲ့နာရေးမှာလည်း မိခင်လီနာ က သူ့ရဲ့သားငယ်ကို အသက်ပြန် ရှင်ဖို့ သူမတတ်နိုင် ရင်တောင် ပြန်မလိုချင်တော့ဘူးလို့ ပြောကြားခဲ့ပါတယ် လို့လည်း သိရပါတယ်။

ခုချိန်ထိတော့ တရားဥပဒေကြောင်းအရ လီ နာကို တရားစွဲဆိုခြင်းမရှိသေးပေမယ့် တာဝန်ရှိသူတွေ က ကော့ပါးသေဆုံးမှုမှာ ပါဝင်ပတ်သက်မှုရှိတဲ့သက် သေ အထောက်အထားတွေကို စစ်ဆေးရှာဖွေနေတယ် လို့ သိရပါတယ်။

Yangon Media Group

0 comments:

Post a Comment