မွေးဖွားစဉ်က ခန္ဓာကိုယ်တွင်း သွေးမပါခဲ့သည့် အိုင်ယာလန်မိန်းကလေး ကျောင်းစတက်ပြီ

မွေးဖွားစဉ်က ခန္ဓာကိုယ်တွင်း သွေးလုံးဝမပါခဲ့သည့် မေစီဗစ်နက်စ်သည် ယခုအခါ အသက် ၄ နှစ်အရွယ်သို့ရောက်ရှိလာပြီး ကျောင်းစတင် တက်နေပြီဖြစ်သည်။



သူမအား အိုင်ယာလန်နိုင်ငံ ဝေါတာဖို့စီရင်စုတွင် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအတွင်းက မွေးဖွားခဲ့ပြီး သွေးနီပမာဏသုံည အဆင့်သာ ရှိပြီး သွေးရည်ကြည်ပမာဏမှာလည်း အလွန်နည်းခဲ့သည်။

မေဆီအား ရက်သတ္တပတ်နှစ်ပတ်ကြာ အရေးပေါ် ကုသမှုလုပ်ဆောင်ခဲ့ရာ သွေးသုံးကြိမ်သွင်းခြင်းနှင့် သွေးဆဲလ်များ တစ်ကြိမ်သွင်းခဲ့ရသည်။
မေဆီသန္ဓေသားဘ၀က သူမ၏ခန္ဓာကိုယ်တွင်းမှ သွေးများကို မိခင်ဖြစ်သူ အမ်မာ၏ ခန္ဓာ ကိုယ်က လုံးဝစုပ်ယူ သွားခြင်းဖြစ်ကြောင်း ဆေးပညာရှင်များက ကောက်ချက်ချခဲ့သည်။

မိခင်အမ်မာက “မေဆီလိုအဖြစ်အပျက်မျိုး ကျွန်မတစ်ခါမှ မကြားဖူးပါဘူး။ စိတ်ပိုင်းထိခိုက်မှုကြောင့် ကလေးကိုယ်ထဲမှာ သွေးမရှိတော့ တာတွေတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို မွေးခါနီးအထိ ကျွန်မရဲ့ ကိုယ်ဝန်က အခြေအနေကောင်းနေခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ် ခရစ္စမတ်နေ့တွင် မေဆီသည် ဆေးရုံဆင်းခဲ့ရပြီး ၁၅ လအရွယ်တွင် “ဖေဖေ” ဟု စတင်ခေါ်နိုင်ခဲ့သည်။ 
Ref: The Independent
by Mizzima News

0 comments:

Post a Comment