ကွန်ဒုံးအပါးပြိုင်၊ မကျေနပ်၍တရားစွဲ


တရုတ်နိုင်ငံတောင်ပိုင်း Guangzhou မြို့က ကွန်ဒုံး ကုမ္ပဏီတစ်ခုဟာ ဂျပန်ကွန်ဒုံးကုမ္ပဏီတစ်ခုကို တရားစွဲဆို လိုက်ပါတယ်။

အကြောင်းကတော့ ဒီဂျပန်ကုမ္ပဏီက သူတို့ကွန်ဒုံးဟာ ကမ္ဘာမှာအပါးဆုံးလို့ ဆက်လက်ကြော်ငြာနေလို့ဖြစ်ပါတယ်။
တရုတ်ကုမ္ပဏီ Daming United Rubber Products Ltd ဟာ ဒီဇင်ဘာလကတည်းက ဂျပန်ကုမ္ပဏီရဲ့ ကွန်ဒုံးအပါးဆုံး ဂင်းနစ်စံချိန်ကို ချိုးဖျက်ပြီးသား ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီဂျပန်ကုမ္ပဏီ Okamoto ဟာ သူတို့ကွန်ဒုံးကပဲ အပါးဆုံးလို့ ဥပဒေမဲ့ ဆက်လက်ပြောဆိုနေပါတယ်။

ဂင်းနစ်စံချိန် ဝက်ဆိုက်ဒ်ရဲ့ဖော်ပြချက်အရ တရုတ်ကုမ္ပဏီ Aoni ရဲ့ကွန်ဒုံးဟာ 0.036 မီလီမီတာသာထူပြီး ၂၀၁၃ ဒီဇင်ဘာ၂ရက်မှာ အပါးဆုံးစံချိန်ကို ချိုးဖျက်ရရှိခဲ့တာဖြစ်ပါတယ်။
phothutaw

0 comments:

Post a Comment