Apple ဖုန်းဝယ်ရန် ရည်းစားအား အဌားလိုက်ခိုင်းသည့် ကျောင်းသား

တရုတ်နိုင်ငံက ကျောင်းသားတစ်ဦးဟာ နောက်ဆုံးထုတ် Apple ဖုန်း ဝယ်ဖို့အတွက် သူ့ရည်စားက တစ်နာရီ ယွန် ၁၀ နဲ့ အဌားလိုက်မှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။


Mirror ရဲ့ဖော်ပြချက်အရ Songjiang တက္ကသိုလ်က ဒီကျောင်းသားဟာ ကျောင်းဝင်းနားမှာ သူ့ရည်းစားကို ဌားမယ်ဆိုပြီး ဘုတ်ထောင် ကြေငြာနေတာဖြစ်ပါတယ်။

ဒါပေမဲ့ လျှောက်လည်ရုံသက်သက်သာ အဌားလိုက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။


“ရည်းစားကို ရှယ်ယာလုပ်မည်။ တစ်နာရီ ၁၀၊ တစ်နေ့ ၅၀၊ တစ်လ ၅၀၀”ဆိုတဲ့ ဘုတ်ကို သူက ထောင်ခဲ့တာဖြစ်ပြီး တရုတ် ဆိုရှယ်ဝက်ဆိုက် Weibo မှာ ပြန့်နှံ့သွားခဲ့ပါတယ်။

ဒီနိုင်ငံခြားဘာသာသင် ကျောင်းသားဟာ ရည်းစားဖြစ်သူရဲ့ အရပ်အမြင့်၊ကိုယ်အလေးချိန်တွေကိုပါ ဖော်ပြခဲ့ပြီး ရည်းစားရဲ့နာမည်က Xiao Ai ဖြစ်တယ်လို့ဆိုပါတယ်။
တရုတ်နိုင်ငံဟာ Apple ဖုန်းရဲ့ အဓိကဈေးကွက် တစ်ခုဖြစ်နေပြီး တရုတ်လူငယ်တစ်ဦးဟာလည်း Apple အိုင်ပက်ဝယ်ဖို့အတွက် ကျောက်ကပ်တစ်ခြမ်းကို ရောင်းချခဲ့ဖူးပါတယ်။

phothutaw

0 comments:

Post a Comment