အမေရိကန် မော်ဒယ်သရုပ်ဆောင်တို့၏ မလုံ့တလုံပုံများကို ဟက်ကာများက အွန်လိုင်းတွင် ထပ်တင်

အမေရိကန် မော်ဒယ်သရုပ်ဆောင်နှင့် ရုပ်သံသရုပ်ဆောင်တစ်ဦးဖြစ်သူ ကင်ကာဒက်ရှန်၏ မလုံ့တလုံ့ပုံများဟု ယူဆရသော ပုံများသည် 4chan နှင့် Reddit ၀က်ဘ်ဆိုက်တွင် စက်တင်ဘာ ၂၀ ရက်က ထွက်ပေါ်လာခဲ့ရာ ကမ္ဘာကျော်အနုပညာရှင်များက ဖုန်းများဖြင့် ရိုက်ထားသည့် မပေါ့်တပေါ်ပုံများကို ဟက်ကာများက ထိုးဖောက်ရယူပြီးနောက် ရက်ပိုင်းအတွင်း ဒု တိယအကြိမ်ထွက်ပေါ်လာခြင်းဖြစ်သည်။



ကင်ကာဒက်ရှန်

ယခုထွက်ပေါ်လာသည့်ပုံတွင် အသက် ၃၃ နှစ်အရွယ် ကင်ကာဒက်ရှန်ဟု ဖော်ပြထားသည့် မိန်းကလေးက ၎င်း၏ရေချိုးခန်းအတွင်းမှ ကိုယ်လုံးပေါ် မှန်ရှေ့တွင် ရင်သားနှင့် တင်ပါးတို့ကို အသားပေးကာ Blackberry ဖုန်းဖြင့် Selfie ပုံကို ရိုက်ထားခြင်း ဖြစ်သည်။

ယခုအကြိမ် ထွက်ပေါ်လာသည့် ပုံများတွင် အမေရိကန် အဆိုတော် သရုပ်ဆောင် ဗန်နက်ဆာဟက်ဂျန်နှင့် အိုလံပစ်ရွှေတံဆိပ်ဆု နှစ်ကြိမ်ရ အမေ ရိကန်အမျိုးသမီး ဂိုးသမား ဟုတ်ဆိုလိုတို့၏ ပုံများအပြင် သရုပ်ဆောင်မင်းသမီးများဖြစ်သည့် အော်ဘရေးပလာဇာ၊ မာရီ ကိတ်အော်လ်ဆန်၊ဟေဒင်ပန်နက်ထရီ၊ လီလီဆိုဘေစကီတို့၏ ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များ လည်း ပါဝင်ခဲ့ကြောင်း သိရသည်။


ဗန်နက်ဆာဟက်ဂျန်

ဟက်ကာများက Apple ၏ iCloud စနစ်မှတစ်ဆင့် နာမည်ကျော်အနုပညာရှင်များ၏ မလုံတလုံပုံများကို ထိုးဖောက်ရယူခဲ့ပြီး စက်တင်ဘာ ၁ ရက်ကလည်း အွန်လိုင်းတွင် တင်ခဲ့သည်။

ယင်းကဲ့သို့ ပုံများ ထွက်ပေါ်လာခြင်းသည် easy-to-guess passwords များမှတစ်ဆင့် ၀င်ရောက် ထိုးဖောက်ခံရခြင်းဖြစ်ပြီး iCloud စနစ်မှ ထိုးဖောက်ခံရခြင်းမဟုတ်ကြောင်း Apple ကုမ္ပဏီက ငြင်းဆို ထားသည်။

၂၀၀၇ ခုနှစ်အတွင်းကလည်း ကာဒက်ရှန်နှင့် ၎င်း၏ ယောက်ျားလေးအဖော်တို့ ချစ်တင်းနှောနေသည့် ဗီဒီယိုဖိုင်တစ်ခုလည်း သူမ၏ ခွင့်ပြုချက်မရဘဲ အွန်လိုင်းတွင် ထွက်ပေါ်ခဲ့ဖူးသည်။
Ref:AFP, The Mirror
by Mizzima News

0 comments:

Post a Comment