ကိုယ်လက်အင်္ဂါမပြည့်စုံပေမယ့် ငါးဖမ်းတာနဲ့ ဘောလုံးကစားတာ ဝါသနာပါသူ


အမေရိကန်ပြည်ထောင်စုအရှေ့ တောင်ဘက်ပိုင်းရှိ အယ်လာဘားမားပြည် နယ်မှာနေထိုင်တဲ့ စီလေးဒိုင်ယာဟာ မွေး ရာပါ ကိုယ်လက်အင်္ဂါမပြည့်စုံတဲ့သူတစ် ယောက်ပါ။ ရခဲလှတဲ့လူ့ဘဝမှာပါ ကိုယ် လက်အင်္ဂါမပြည့်စုံတဲ့ စီလေးဒိုင်ယာဟာ ဘဝကိုအရှုံးမပေးဘဲ နေထိုင်လာခဲ့တာ ယခု ဆို သူ့ရဲ့အသက်အရွယ်မှာ ၃၆နှစ်တောင် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

စီလေးဒိုင်ယာဟာ မွေးရာပါ ကိုယ်လက်အင်္ဂါ ပြည့်စုံစွာမပါဝင်သော် လည်း ဘဝကို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြတ် သန်းလာခဲ့လို့ ယခုဆိုသူဟာ ကျွမ်းကျင်တဲ့ ငါးဖမ်းသမားတစ်ယောက်ဖြစ်လို့ နေပါ တယ်။ သူဟာ အသက်ငါးနှစ်အရွယ်က တည်းက ငါးဖမ်းပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

ငါးဖမ်းရ တာကို အလွန်သဘောကျတဲ့ စီလေးဒိုင် ယာဟာ ၁၉၉၅ခုနှစ်မှာ ကျွမ်းကျင်ပိုင်နိုင် လှတဲ့ ငါးဖမ်းသမားတစ်ယောက်ဖြစ်ခဲ့ပါ တယ်။

မွေးရာပါကိုယ်လက်အင်္ဂါမပြည့် စုံသော်လည်း သူ့ရဲ့စိတ်ထဲမှာ အမြဲတမ်းခံ ယူထားတာကတော့ ''မင်းလုပ်နိုင်မယ်ဆို ရင် ငါလုပ်နိုင်တယ်''ဆိုတာပဲဖြစ်ပါတယ်။ သူဟာ ငါးဖမ်းခြင်းအတတ်ပညာကို ကိုယ့်ဘာသာကိုယ် သင်ယူခဲ့တယ် လို့ သိရပါတယ်။ ဒိုင်ယာဟာ ငါးဖမ်းတာကို ကြိုက်နှစ်သက် သလို ဘောလုံးကစားတာကို လည်း သဘောကျကြိုက်နှစ် သက်ပါတယ်။ စီလေးဒိုင်ယာ ဟာ အယ်လာဘားမားပြည်နယ် မှာရှိတဲ့ ဟာမီတန်အထက် တန်းကျောင်းတစ်ကျောင်းမှာ လက်ထောက်ဘောလုံးနည်း ပြတစ်ဦးလည်း ဖြစ်ပါတယ်။ ဘဝကို အရှုံးမပေးဘဲဖြတ်သန်း နေတဲ့ စီလေးဒိုင်ယာကတော့ အများတကာရဲ့ လေးစားအတု ယူဖွယ်ရာတစ်ဦးပဲဖြစ်ပါတယ်။

ကိုယ်လက်အင်္ဂါပြည့် စုံစွာ မပါဝင်သော်လည်း အများနည်းတူ လုပ်နိုင်တဲ့ စီလေးဒိုင်ယာဟာဘဝမှာ တန် ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ချင်တယ်လို့ဆို ပါတယ်။

စီလေးဟာ အများလိုကိုယ်လက် အင်္ဂါမပြည့်စုံသော်လည်း အားငယ်တဲ့စိတ် တွေနဲ့ ဘဝကိုမရှင်သန်ပါဘူး။ ဘုရားသ ခင်က သင်ကြားပေးခဲ့တဲ့ ဘဝသင်ခန်းစာ တွေကို သူ့အနေနဲ့ သင်ယူပြီး တန်ဖိုးရှိတဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ သူပါ။

စီလေးဒိုင်ယာရဲ့ဘဝကို အနိုင် မခံအရှုံးမပေးခဲ့လို့ အခုဆို သူဟာ ကုမ္ပဏီ တွေမှာ သူ့ရဲ့အတွေ့အကြုံတွေ ဝေမျှတဲ့သူ တောင် ဖြစ်လို့နေပါပြီ။ လူတွေရဲ့ရှေ့မှာ ယုံ ကြည်ချက်အပြည့်နဲ့ စီလေးဟာ သူ့ဘဝရဲ့ အတွေ့အကြုံတွေ၊ သူ့ရဲ့အသိပညာတွေကို ဝေမျှပြောဆိုနေတယ်လို့ သိရပါတယ်။

Ref National Enquirer




Yangon Media Group

0 comments:

Post a Comment