တောင်အာဖရိကတွင် အမျိုးသမီးနှစ်ဦးက အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ခြိမ်းခြောက်၍ မုဒိမ်းကျင့်

တောင်အာဖရိကနိုင်ငံတွင် အသက် ၂၉ နှစ် အရွယ် အမျိုးသားတစ်ဦးမှ ၎င်းကို အမျိုးသမီးနှစ်ဦးက ကားထဲတွင် သေနတ်ဖြင့် ခြိမ်းခြောက်၍ အလိုမတူပဲ မုဒိမ်းကျင့်ခဲ့သည်ဟု ရဲအား တိုင်ကြားခဲ့သည်။


၎င်း၏အိမ်သို့ ပြန်လာစဉ် ၎င်း၏အနားသို့ BMW ကားတစ်စီး ထိုးရပ်လာခဲ့ကြောင်း၊ ကားမောင်းသူ အမျိုးသမီးက ၎င်းအား ကားထဲသို့ ဝင်ရောက်ရန် ညွှန်ကြားကြောင်း၊ ထိုစဉ် ကားနောက်ခန်း၌ ထိုင်နေသူ အမျိုးသမီးက ခါးကြားမှ သေနတ်ကိုထုတ်ကာ ၎င်းတည့်တည့်သို့ချိန်၍ ကားထဲသို့ဝင်ရန် အမိန့်ပေးခဲ့ကြောင်း ထိုသူက ရဲကို တိုင်ကြားခဲ့သည်။

ထိုနောက် အမျိုးသမီးများက ကားကို ပန်းခြံတစ်ခုသို့ မောင်းနှင်ဝင်ရောက်ရပ်တန့်ခဲ့သည်။

အမျိုးသမီး နှစ်ဦးက ထိုသူအား အဝတ်အစားများကို အကုန်ချွတ်ခိုင်းစေပြီး ထိုသူအား မုဒိမ်းကျင့်ခဲ့ကြသည်။ ထိုသို့ မုဒိမ်းကျင့်နေစဉ်အတွင်း အမျိုသမီးတစ်ဦးကာ ထိုသူအား သေနတ်ဖြင့် တည့်တည့်ချိန်ထားသည်။

အမှုကျူးလွန်သူ အမျိုးသမီး ၃ ဦးမှာ အသက် ၃၀ ဝန်းကျင် ဖြစ်သည်ဟု ထိုသူက ရဲများကို ပြောကြားသည်။

၎င်းတွေ့ကြုံခဲ့ရသော အဖြစ်ဆိုးကို ပြောပြစဉ်အတွင်း ထိုသူမှာ ထိန့်လန့်ကြောက်ရွံနေပြီး တုန်လှုန်ခြောက်ခြားစွာဖြင့် ၎င်း၏ HIV စစ်ဆေးမှု အဖြေရလာဒ်ကို စောင့်မျှော်လျက် ရှိသည်။

အမျိုးသမီး ၃ ဦးကို ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုများဖြင့် တရားစွဲထားသော်လည်း ယခုတိုင် လက်ရဖမ်းမိခြင်း မရှိသေးပါ။

တောင်အာဖရိကနိုင်ငံ၊ ယင်းမြို့၌ ယခင်ကလည်း ထိုကဲ့သို့သော ဖြစ်ရပ်များ ဖြစ်ပွားခဲ့ဖူးကြောင်း ရဲက ဝန်ခံပြောကြားသည်။ ယခင်ကျူးလွန်ခဲ့သော အမျိုးသမီးများက နောက်တစ်ကျော့ ဤမြို့၌ ပြန်လည်ကျူးလွန်လေသလားဟု ရဲများက စိုးထိတ်နေကြသည်။

http://www.emirates247.com/crime/world/man-raped-by-two-women-at-gunpoint-2014-09-18-1.563396

From: မျိုးမင်းသန့်

0 comments:

Post a Comment