ယူကရိန်းအစိုးရတပ်နှင့် ခွဲထွက်ရေးသူပုန်များ အကျဉ်းသား ၃၈ ဦးကို အလဲအလှယ် ပြုလုပ်


ယူကရိန်း အစိုးရတပ်တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေ စက်တင်ဘာလ ၂၀ ရက်နေ့မှာ အကျဉ်းသား ၃၈ ယောက်ကို အလဲအလှယ် လုပ်ခဲ့ပါတယ်။


အပစ်ရပ်စဲရေး သဘောတူညီချက်မှာ ပါဝင်တဲ့အတိုင်း အရင်ကလည်း စစ်ပွဲကာလအတွင်း အဖမ်းခံထားရသူတွေကို အကြိမ်အတော်များများ အလဲအလှယ် လုပ်ခဲ့ပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့က အလဲအလှယ်ကိုတော့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒွန်းညက်မြို့ စစ်ဆေးရေးဂိတ်တခုမှာ နိုင်ငံတကာ လေ့လာသူတွေရဲ့ ရှေ့မှောက်မှာ ပြုလုပ်ခဲ့တာပါ။ တဖက်စီက အကျဉ်းသား ၃၈ ယောက် စီကို ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
ယူကရိန်း စစ်တပ်က ပြန်လွှတ်ပေးလိုက်တဲ့ အန်ဒရီလီက ဆန္ဒခံယူပွဲကျင်းပဖို့ စည်းရုံးနေတာနဲ့ပဲ အဖမ်းခံရတာလို့ ပြောပါတယ်။

ပြန်လွှတ်လာတဲ့ ယူကရိန်း စစ်သားတယောက်ကလည်း ကျန်နေသေးတဲ့ ရဲဘော်တွေကို အစိုးရက မေ့မထားဘူးဆိုတာကို သိစေချင်တယ်လို့ ပြောပါတယ်။

အခုအထိ နှစ်ဖက်အကျဉ်းသား ဘယ်လောက်များများ ပြန်လွတ်လာပြီလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ယူကရိန်း အစိုးရကိုယ်စားလှယ် ညှိနှိုင်းရေးမှူး ယူရီ တန်တစ်က အပစ်ရပ်စဲရေး ညှိနှိုင်းမှုအတွက် ကျေနပ်တယ်လို့ ပြောပါတယ်။

စနေ တနင်္ဂနွေ နှစ်ရက်မှာ အကျဉ်းသား အလဲအလှယ် လုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ စနေနေ့မှာပဲ အစိုးရတပ်တွေနဲ့ ခွဲထွက်ရေး သူပုန်တပ်တွေ နှစ်ဖက်စလုံး တပ်တွေ၊ လက်နက်တွေကို နောက်ဆုတ်ပြီး ကြားခံနယ်မြေ သတ်မှတ်ဖို့ သဘောတူညီမှုရခဲ့ပါတယ်။

ဘီလာရုနိုင်ငံ မင့်စ်မြို့မှာ သဘောတူညီချက်ရခဲ့တာကို ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့က ထောက်ခံလိုက်ပြီး ဒါဟာ စက်တင်ဘာ ၅ ရက် အပစ်ရပ်စဲရေး သဘောတူညီချက် ပျက်ယွင်းနေတာကို ပြန်လည်ထိန်းသိမ်းဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ပြောပါတယ်။
DVB

0 comments:

Post a Comment