အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်ဖြစ်သည့် ခါကာဘိုရာဇီတောင်ထိပ်သို့ တက်ရောက်နေသော တောင်တက်သမားနှစ်ဦးမှာ ပြီးခဲ့သည့် သြဂုတ်လ(၃၁) ရက်မှစ၍ မြေပြင်အဖွဲ့နှင့် အဆက်အသွယ်ပြတ်တောက်နေခဲ့ပြီး ယနေ့တိုင် သတင်းအဆက်အသွယ်မရရှိသေးကြောင်း သိရှိရသောကြောင့် ထူးဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်နာယက ဦးတေဇသည် အချိန်မီကယ်ဆယ်ကူညီမှုများပြုလုပ်နိုင်ရန် ယနေ့ ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်၊ နေ့လည် နှစ်နာရီခန့်၌ မဒွယ်ရဟတ်ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော အဖွဲ့သား (၅)ဦး၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့သားများနှင့် ပူတာအိုမြို့သို့ လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။
အဆိုပါ ကူညီကယ်ဆယ်ရေးအတွက် ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး ရဟတ်ယာဉ်နှစ်စီး၊ အရေးပေါ် အချက်ပြ ဆက်သွယ်ရေး ကိရိယာများ၊ တောင်တက်ပစ္စည်းကိရိယာများ၊ စားနပ်ရိက္ခာများ၊ အသက်ကယ်ဆေးဝါး ပစ္စည်းကိရိယာများ၊ ဆရာဝန်များ၊ ထူးဖောင်ဒေးရှင်းမှ အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ (ဧဝရက်တောင်ထိပ်သို့ တက်ရောက်မည့်) တောင်တက်သမားများ၊ ခါကာဘိုရာဇီတောင်ထိပ်သို့ မြန်မာလူမျိုးများထဲမှ ပထမဆုံး တက်ရောက်နိုင်ခဲ့သော ထူးဖောင်ဒေးရှင်းမှ နမားဂျွန်ဆင်နှင့် ဒေသခံ တိုင်းရင်းသားများ၊ ကျန် ထူးဖောင်ဒေးရှင်းဝန်ထမ်းအားလုံးမှ မြန်မာနိုင်ငံမြောက်ဘက်ဆုံး တဟွန်ဒမ်းရွာနှင့် တောင်ခြေစခန်းတို့တွင် အသက်ကယ် ရှာဖွေရေးကိစ္စများ၊ ကူညီကယ်ဆယ်ရေးကိစ္စများ ဆောင်ရွက်နိုင်စေရန် ပါဝင်ကူညီလျက်ရှိပါသည်။
ပူတာအိုနှင့် ရန်ကုန်မြို့များတွင်လည်း ထူးဖောင်ဒေးရှင်း ဝန်ထမ်းများ၊ Air Bagan မှ လေယာဉ်များဖြင့် အချိန်နှင့် တပြေးညီ လိုအပ်သော ပစ္စည်းများ ပေးပို့နိုင်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ရရှိသော နောက်ဆုံးသတင်းများကိုလည်း ထပ်မံတင်ပြသွားမည်ဖြစ်ပါသည်။
Htoo Foundation



Yangon
0 comments:
Post a Comment