ရာဇဝင်ကြွေးဆပ်လိုက်တဲ့ မြန်မာ ယူ-၁၉ သို့မဟုတ် အိပ်မက်ဆိုးမှ နိုးထခြင်း


အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် အုပ်စုပတ်လည် နောက်ဆုံးပွဲတွင် အင်ဒိုနီးရှားအသင်းအား ဂိုးပြတ် အနိုင်ယူကာ မြန်မာယူ ၁၉ အသင်းအကြိုဗိုလ်လု ပွဲ တက်ရောက် သွားပြီဖြစ်သည်။

မြန်မာယူ ၁၉အသင်းနှင့် အင်ဒိုနီးရှားယူ ၁၉ အသင်းတို့သည် အုပ်စုပတ်လည်နောက်ဆုံးပွဲစဉ် အဖြစ် ယခုလ ၉ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ယှဉ်ပြိုင် ကစားခဲ့ကြပြီး မြန်မာအ သင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာ ကစားကွက် အသာဖြင့် ပြိုင်ဘက်အသင်းအား ၃-ဝ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။


ယင်းပွဲစဉ်တွင် မြန်မာယူ ၁၉ အသင်းမှ ထိုင်း အသင်းနှင့်ပွဲတွင် အနီကတ်ပြခံ၍ ပွဲပယ်ခံထား ရသည့် ကျော်မင်းဦးမှလွဲ၍ အဓိက ကစားသမား အစုံအလင်ပါဝင်ခဲ့ပြီး ပထမပိုင်းပွဲချိန် ၁၈ မိနစ်တွင် ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်၊ ၃၅မိနစ်တွင် မောင်မောင်စိုးတို့ သွင်းယူသည့်ဂိုးများဖြင့် ဦးဆောင် ထားခဲ့သည်။ ဒုတိယပိုင်းပြန် လည်စတင်ရာ ပွဲချိန် ၆၃ မိနစ်တွင်လည်း ကွင်းလယ်ကစားသမား မောင် မောင်စိုးကပင် တတိယဂိုးအား သွင်းယူပေးခဲ့သည်။

ပြိုင်ဘက် အင်ဒိုနီးရှားအသင်းမှမြန်မာအသင်း ဘက် ပြန်လည်ထိုးဖောက်မှုပြုလုပ်ခဲ့ရာ တိုင်ထိထွက် ခဲ့သည်။ လက်ကျန်ပွဲချိန်များတွင် မြန်မာအသင်းမှ ပင် ဆက်လက် တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့သော် လည်း ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိသလို အင်ဒိုနီးရှား အသင်းမှာလည်း ချေပဂိုး ပြန်လည်သွင်းယူနိုင်ခြင်း မရှိဘဲ ၃-ဝ ရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။

ယင်း ကြောင့် မြန်မာယူ ၁၉ အသင်းသည် နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်အုပ်စုဗိုလ်ဖြင့် အကြိုဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီး တစ်ဖက်အုပ်စုမှ အုပ်စုဒုတိယ ရရှိသည့် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ၁၁ ရက်နေ့ တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံ ယူ ၁၉ချန်ပီယံရှစ်(AFF Notifood U19 Cup ) ကို စက်တင်ဘာ ၅ရက်နေ့မှ ၁၃ရက် နေ့အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲများကို ၁၃ ရက်နေ့ မှာပင် ကျင်းပသွားမည်ဖြစ်သည်။ မြန်မာယူ ၁၉ အသင်းသည် ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

popular

0 comments:

Post a Comment