တောင်ကိုရီးယားနိုင်ငံသို့တိုက်ရိုက်လေကြောင်းခရီးစဉ်သစ် စတင်ပျံသန်းမည်ဟု MAI အတည်ပြု


Myanmar Airways In-ternational (MAI) လေကြောင်း သည် တောင်ကိုရီးယားနိုင်ငံသို့ တိုက်ရိုက်ပျံသန်းမည့်လေကြောင်း ခရီးစဉ်သစ်ကိုစတင်ပျံသန်းတော့ မည်ဟု အတည်ပြုလိုက်ကြောင်း ဆင်ဟွာသတင်းဌာနက ယနေ့ဖော် ပြသည်။

အဆိုပါခရီးစဉ်သစ်ကို အောက် တိုဘာ ၂၆ ရက်တွင် စတင်ပျံသန်း မည်ဖြစ်ပြီး တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များနှင့် ခရီး သွားဧည့်သည်များ မြန်မာနိုင်ငံသို့ ဝင်ရောက်မှုတိုးမြင့်လာ၍ ယခု ခရီးစဉ်ကို ပျံသန်းခြင်းဖြစ်သည်ဟု သိရသည်။ ဗြှု၏သတင်းထုတ် ပြန်ချက်တွင်တောင်ကိုရီးယားနိုင်ငံ သို့တိုက်ရိုက်ပျံသန်းမည့်ခရီးစဉ်ကို ရက်သတ္တတစ်ပတ်တွင် ငါးကြိမ် ပျံသန်းသွားမည် ဖြစ်ကြောင်း၊ တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံ ကြားတွင် စီးပွားရေးကဏ္ဍမြှင့်တင် ရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေရန် ယခု လေကြောင်းခရီးစဉ်ကိုစတင်လိုက် ခြင်းဖြစ်ကြောင်းဖော်ပြသည်။

MAI လေကြောင်းလိုင်းသည် လက်ရှိအချိန်၌ နိုင်ငံတကာခရီးစဉ် များအဖြစ် ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဂါယာ၊ ဂွမ်ဇူ၊ ဆိုင် ယံရိ၊ ဖနောင်ပင်မြို့များသို့ ပျံသန်း လျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာခရီးစဉ်များ ပျံသန်းနေ သည့်လေကြောင်းလိုင်း ၂၄ လိုင်း ရှိပြီး ပြည်တွင်းခရီးစဉ်များကိုသာ ဦးစားပေးပျံသန်းနေသည့် လေ ကြောင်းလိုင်းခုနစ်လိုင်းရှိသည်ဟု မြန်မာနိုင်ငံ မြို့ပြလေကြောင်းဦးစီး ဌာနက အတည်ပြုထားသည်။ တောင်ကိုရီးယားနိုင်ငံသည် မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့် နိုင်ငံများစာရင်း တွင် အဆင့် (၆) နေရာ၌ရှိနေသော နိုင်ငံဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဇွန်လ တွင် မြန်မာနိုင်ငံ၌ တောင်ကို ရီးယားနိုင်ငံကတာဝန်ယူအကောင် အထည်ဖော်နေသောစီမံကိန်း ၉၆ ခုရှိကာတန်ဖိုးပမာဏမှာအမေရိကန် ဒေါ်လာ ၃ ဒသမ ဝ၇ ဘီလီယံ ရှိသည်ဟု သိရသည်။

The Union Daily

0 comments:

Post a Comment