အီဘိုလာကြောင့် သေဆုံးသူ ၂၂၉၆ ယောက်ရှိပြီ


အနောက်အာဖရိက နိုင်ငံတချို့မှာ ပျံ့နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် အခုဆိုရင် သေဆုံးသူ အယောက်ပေါင်း ၂၂၉၆ ဒါမှမဟုတ် သုံးထောင်နီးပါး ရှိသွားပြီလို့ သိရပါတယ်။


ဇာတ်လမ်း အီဘိုလာပိုးကို စမ်းသပ်ဆေးဝါးနဲ့ စတင်ကုသတော့မယ်
သေဆုံးသူ သုံးထောင်နီးပါးထဲက ထက်ဝက်လောက်ဟာ တစ်လအတွင်းမှာ သေဆုံး ကြတာ ဖြစ်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အခုလောလောဆယ် Guinea, Liberia, Nigeria နဲ့ Sierra Leone နိုင်ငံမှာ လူပေါင်း ၄၀၀၀ ကျော် အီဘိုလာ ကူးစက်ခံနေရတာ ဖြစ်ပါတယ်။

အီဘိုလာပိုး ကူးစက်ခံရသူ ၁၀% လောက်သာ အသက်ရှင်လေ့ရှိပြီး ကျန် ၉၀% လောက်က တော့ သေဆုံး နေကြရတယ် လို့လည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အခုဆိုရင် လူနာတွေလည်း တဖြေးဖြေးများလာပြီး လူနာကုတင်တွေ ဆေးရုံ၊ ဆေးခန်းတွေလည်း အလုံအလောက် မရှိတဲ့အတွက် အမြန်ဆုံးကူညီကြဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်နေပါတယ်။

ABC

0 comments:

Post a Comment