နယူးယော့ခ်၊ စက်တင်ဘာ ၉။ ဟောလိဝုဒ် ကြင်စဦး ဇနီးမောင်နှံ ဘရက်ပစ် နှင့် အိန်ဂျလီနာ ဂျိုလီ တို့သည် ၎င်းတို့၏ By The Sea ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် လေ့ကျင့်သည့် အနေဖြင့် စစ်တိုက်သည့် အသွင်ဖြင့် ဖန်တီးထားသော လက်နက်မဲ့ ကိုယ်ခံပညာ သင်တန်းကျောင်းကို တက်ရောက် လျှက် ရှိသည်။ ၎င်းတို့သည် ကရာမက်ဂါဟု အမည်ရသည့် အစ္စရေးလ် ကိုယ်ခံပညာ တစ်မျိုးကို လေ့လာ နေခြင်းဖြစ်သည်။

ဘရက် (အသက် ၅၀ နှစ်) သည် ယင်းကိုယ်ခံ ပညာ သင်တန်းကို ယခုမှ စတင်လေ့လာခြင်းဖြစ်ပြီး ဂျိုလီ မှာမူ ၎င်း၏ ၂၀၀၁ ခုနှစ် ရုပ်ရှင် Tomb Raider ဇာတ်ကားအတွက် သင်ယူခဲ့ဖူးသည်ဟု သိရသည်။
ဟောလိဝုဒ် အေစာရင်းဝင် သရုပ်ဆောင် ဇနီးမောင်နှံ ဖြစ်သည့် ဘရက်ပစ်နှင့် အိန်ဂျလီနာဂျိုလီ တို့တွင် မာဒေါ့စ်၊ ပတ်စ်၊ ဇာဟာရ၊ ရှီလော့၊ နော့က်စ်နှင့် ဗီဗီယာနီ ဟုအမည် ရသည့် ကလေး ခြောက် ဦး ရှိသည်။ သူတို့၏ ကလေးများသည် လည်း မိဘများ၏ ကိုယ်ခံပညာ လေ့ကျင့်မှုကို အလွန်ပင် တက်ကြွစွာ ကြည့်ရှုခဲ့ကြသည်။ ဘရက်ပစ်သည် ထိုသို့ ကိုယ်ခံပညာ လေ့ကျင့်အပြီး ၃ ပတ်ခန့် မှာပင် ၁၀ ပေါင်ခန့် ကိုယ်အလေးချိန်ကျသွားခဲ့သည်ဟု ဆိုသည်။ ၎င်း သည် သူ၏ သားသမီး များကိုပါ အပျော်လေ့ကျင့်စေခဲ့ပြီး ကလေးသီးသန့် သင်ခန်းစာများကိုလည်း လေ့ကျင့်ပေးသည်ဟု ဆိုသည်။
၎င်းတို့၏ နောက်ဆုံး ထွက်ရှိမည့် By the Sea ဇာတ်ကားကို အိန်ဂျလီနာဂျိုလီက ရေးသားရိုက်ကူးပြီး ဘရက်ပစ် နှင့်ပူးတွဲ သရုပ်ဆောင်မည် ဖြစ်သည်။ ယင်းဇာတ်ကားသည် ဇနီးမောင်နှံ နှစ်ဦးအတူ သရုပ်ဆောင်ခဲ့သော ၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့သည့် Mr. and Mrs. Smith ဇာတ်ကားအပြီး ဒုတိယမြောက် ဖြစ်သည်။
၎င်းတို့ ကိုယ်ခံပညာ လေ့ကျင့်မှုကြောင့် လူအများ သည်လည်း လိုက်လံ လေ့ကျင့် လာကြမည်ဟု တွေးထင်မှု များလည်း ရှိနေသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့ လက်ထပ် ထိမ်းမြားခဲ့သော Correns နေရာ၌ ခရီးသွားလုပ်ငန်း ၁၀၀၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ ခြင်းကြောင့် ဖြစ်သည်။ ဘရက်နှင့် အိန်ဂျလီနာတို့သည် သူတို့၏ ပျားရည်ဆမ်း ခရီးကို Malta ဒေသတွင် ဇိမ်ခံ ရွက်လှေပေါ်တွင် ကျင်းပခဲ့ပြီး ယင်းဒေသတွင် ၎င်းတို့ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန် အတွက် ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းများအတွက် ဒေါ်လာ ၂ သိန်း ပေးအပ်ခဲ့သည်ဟု သိရသည်။
Mizzima
Yangon
0 comments:
Post a Comment