ခေါင်းလောင်းတွေ့ခြင်း မတွေ့ခြင်းထက် တူးဖော်မှုအခြေအနေမှန်သတင်းထုတ်ပြန်ပေးရန် အချိန်ကျရောက်ပြီဟု ပြည်သူများထောက်ပြ

ဓမ္မစေတီခေါင်းလောင်းရှာဖွေ တွေ့ရှိခြင်း၊ မရှိခြင်းထက် ခေါင်းလောင်း တူးဖော်မှု
အခြေအနေများကို အမှန်အတိုင်းသတင်းထုတ်ပြန်ပေးရန် အချိန်ကျ ရောက်ပြီဖြစ်
ကြောင်း ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းကို စိတ်ဝင်စားသည့်ပြည်သူများက
ထောက်ပြပြောဆိုသည်။ 
'ခေါင်းလောင်းရှာဖွေတွေ့ရှိမှုအခြေအနေတွေကို သတင်းစာရှင်းလင်းပွဲမှာ
ပြောတဲ့ပုံစံနဲ့ အခုလုပ်နေတဲ့ပုံစံတွေက တခြားစီဖြစ်နေတယ်။ သတင်းကလည်း ဘယ်သူမှ
တိတိကျကျမသိတော့ ကောလာဟလတွေက ပိုပြီးထွက်လေဖြစ်နေတယ်' ဟု ခေါင်း
လောင်းရှာဖွေတူးဖော်ရာ လုပ်ငန်းခွင်သို့ လာရောက်ကြည့်ရှုသူ တာမွေမြို့နယ်နေ
ကိုစိုးရီက ပြောဆိုသည်။ 
ဓမ္မစေတီခေါင်းလောင်းကြီးအား ရှာတွေ့ပြီဖြစ်ကြောင်း သြဂုတ် ၂၆ ရက်တွင်
ဦးစံလင်းက ကြေညာထားပြီး လက်ရှိတွင် ခေါင်းလောင်းကြိုးချည်ခြင်းလုပ်ငန်းလုပ်
ဆောင်နေ၍ သတင်းထုတ်ပြန်ခြင်းမပြုနိုင်သေးကြောင်း ကြေညာထားသော်လည်း
ဆယ်ယူရေးအဖွဲ့တွင် ပါဝင်သူအမည်မဖော်လိုသူအချို့ကမူ ခေါင်းလောင်းကြီးအား 
ယခုအချိန်အထိ မတွေ့ရှိသေးဘဲ ရှာဖွေနေဆဲဖြစ်ကြောင်းစက်တင်ဘာ ၈ ရက်က 
စံတော်ချိန်သို့ပြောကြားထားသည်။ 
'အမှန်အတိုင်းသတင်းထုတ်ပြန်ပေးဖို့တော့လိုတယ်။ အစိုးရအဖွဲ့က ခွင့်ပြု
တဲ့ပုံလည်းမှားတယ်။ ဘယ်နေ့ဘယ်အချိန်မှာ အခြေအနေဘယ်လိုရှိကြောင်း
ထတ်ုပြန်ပေးရမယ်ဆိုတာလည်း ပြောထားရမယ်'ဟု ခေါင်းလောင်းဆယ်ယူရေး
လုပ်ငန်းများတွင် သမိုင်းမှတ်တမ်းရေးခဲ့သူ စာရေးဆရာ ဒေါက်တာချစ်စံဝင်းက
ပြောဆိုသည်။ 
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းကို
ယုံကြည်၍ခေါင်းလောင်း ဆယ်ယူမှုလုပ်ငန်းအခြေအနေများကို သတင်း
ထုတ်ပြန်ပေးနေခြင်း ဖြစ်ကြောင်းအထောက်အကူပြု အဖွဲ့မှ ဦးကြည်ဝင်းက
စံတော်ချိန်သို့ စက်တင်ဘာ ၉ ရက်၌ပြောဆိုသည်။ 
'ဦးစံလင်းက သူ့ကိုယ်ကျိုးမပါဘဲခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းကို
လုပ်နေတာ။ သူ့ရဲ့သီလ၊ သမာဓိကိုယုံကြည်လို့ ကျွန်တော်တို့က သူပြောတဲ့
အရာတွေကို ပြည်သူတွေသိအောင်သတင်းထုတ်ပြန်ပေးတော။ အခုလည်း
ခေါင်းလောင်းလို့ ယူဆရတဲ့အရာကိုကြိုးချည်ဖို့ကြိုးစားနေတယ်လို့သိရတယ်'
ဟု ဦးကြည်ဝင်းက ပြောဆိုသည်။ 
အဆိုပါ ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုအခြေအနေကို သတင်းသေချာ
မထုတ်ပြန်ြခင်း နှင့်ပတ်သက်၍ သုတေသီဆရာဘုန်းတင့်ကျော်က 'သတင်းထုတ်
ပြန်တာ အားရစရာမရှိဘူး။သောင်တူးစက် တစ်ခုတည်းနဲ့ရှာနေတာလည်း
လုံးဝဘ၀င်ကျစရာမရှိဘူး။ သိပ္ပံနည်းမကျတဲ့ပညာဗဟုသုတ မရှိတဲ့သူ၊နတ်
နဂါးတွေရဲ့ အကြံဥာဏ်နဲ့ ရှာဖွေနေတာကို သမိုင်းပညာရှင်လောကမှာရော၊
သိပ္ပံလောကမှာရော အားလုံးက ပြုံးစိစိတွေ ဖြစ်ကုန်ကြတာပေါ့'ဟု ပြောဆို
သည်။ 
'ဦးစံလင်းကို ဘယ်သူကမှ မခိုင်းထားဘူး။ သူ့ပိုက်ဆံနဲ့သူ ရိုးရိုးသားသား
လုပ်ဆောင်နေတာ။ ကျွန်တော်တို့ကလည်း သူ့ကိုယုံကြည်လို့ သတင်းထုတ်ပြန်
ပေး နေတာ'ဟု ခေါင်းလောင်းဆယ်ယူရေးအထောကအ် ကြူပုအဖွဲ့မှ ဦးသန်းစိန် က
ပြောဆိုသည်။ 
ခေါင်းလောင်းဆယ်ယူရေးတွင်ပါဝင်သူအချို့ကမူ ရေငုပ်သမားလေး
ဦးခန့်နှင့် ရှာဖွေရေးလုပ်ငန်းကို ဆက်လက် လုပ်ဆောင်နေသည်ဟု ပြောကြား
ထားသော်လည်း အထောက်အကူပြုအဖွဲ့ကမူ ယင်းသတင်းမှာမဟုတ်မှန်
ကြောင်း၊ ခေါင်းလောင်းကြိုးချည်ခြင်းလုပ်ငန်းများကို ရေငုပ်သမား ၁၀ ဦး ကျော်ဖြင့်
ဆက်လက်လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ထားသည်။ 
'ခေါင်းလောင်းဆယ်ယူရာမှာအပြိုင်အဆိုင် အနှောင့်အယှက်တွေရှိနေ
တယ်။ အခုက အရေးကြီးတဲ့အချိန်ရောက်နေလို့ သတင်းမထုတ်ပြန်သေးတာပါ။
ကုန်းပေါ်ရောက်ရင် သေချာသတင်းထုတ်ပြန်ပေးမယ်လို့ ဦးစံလင်းက ပြော
ကြားထားပါတယ်'ဟု ဦးကြည်ဝင်းက ဆိုသည်။ 
ဓမ္မစေတီခေါင်းလောင်းရှာဖွေတူးဖော်မှုကို သြဂုတ် ၈ ရက်က စတင်ခဲ့ပြီး
သြဂုတ် ၁၅ ရက်တွင် ရေငုပ်သမားများကရှာတွေ့ခဲ့ကြောင်း နတ်စင်တစ်ရာဆရာ
တော်က မိန့်ကြားခဲ့သည်။ ယင်းနောက်ခေါင်းလောင်းရှာဖွေရေးအဖွဲ့ခေါင်း
ဆောင်ဦးစံလင်းက ခေါင်းလောင်းရှာတွေ့နေပြီဖြစ်ကြောင်း သြဂုတ် ၂၆ ရက်၌
တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ 
ခေါင်းလောင်းတူးဖော်ရာတွင် မြစ်ရေအခြေအနေ၊ ရာသီဥတုအခြေအနေ
များကြောင့် ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းလုပ်ဆောင်ရန် နောက်ထပ် ၁၇
ရက်ထပ်တိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်က ကြေညာခဲ့
သည်။ ယင်းနောက် ခေါင်းလောင်းဆယ်ယူရာတွင် အရေးကြီးသောအချိန်ရောက်နေ
၍ ဆယ်ယူမှုလုပ်ငန်းများကို သတင်းထုတ်ပြန်ပေးမည်မဟုတ်ကြောင်း၊ ပြည်သူ
များက စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းပေးရန်နှင့် ခေါင်းလောင်းကြီးကုန်းပေါ်
ရောက်မှ သတင်းထုတ်ပြန်ပေးမည်ဟုလည်း ဦးစံလင်းက ကြေညာထားသည်။

စံတော်ချိန်

0 comments:

Post a Comment