လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ သြစတြေးလျအား ကုလသမဂ္ဂက ဝေဖန်

ခိုလှုံခွင့်ရရှိရေး ကြိုးပမ်းသူများအပေါ် သြစတြေးလျက ဆက်ဆံပုံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက်ဖြစ်ပွားမည့် အနေအထား သို့ ဦးတည်နေကြောင်း ကုလသမဂ္ဂ၏ ဝေဖန်ချက်ကို သြစတြေးလျကက ပယ်ချခဲ့ပြီး ဆီးရီးယား နှင့် အီရတ်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ပိုမို ဆိုးရွားကြောင်း သြစတြေးလျ အစိုးရက ဆိုခဲ့သည်ဟု စက်တင်ဘာ ၉ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးသစ် ဇိ ရာအက်ဇိအယ်လ်ဟူစိန် က စက်တင်ဘာလ ၈ ရက်က ၎င်း၏ ပထမဆုံး မိန့်ခွန်း ပြောကြား ခဲ့ရာတွင် ခိုလှုံခွင့်ရရေး ကြိုးပမ်းသူများအပေါ် သြစတြေးလျ၏ ကိုင်တွယ်ဆောင် ရွက်ပုံ နှင့် လှေများ အား ပြန်လှည့်ခိုင်းပုံ တို့ကို ဝေဖန်ခဲ့သည်။

သြစတြေးလျ၏ လုပ်ရပ်မှာ “တစ်ဖက်သတ် ဖမ်းဆီးအကျဉ်းချတာတွေနဲ့ ခိုလှုံခွင့်ရရေး ကြိုးပမ်းသူတွေ မိခင်နိုင် ငံတွေ ကို ပြန်ကြရတဲ့အခါ ဖြစ်လာ နိုင်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်ပွားစေမယ့် အနေ အထား ကို ဦးတည်နေပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။

“အဲဒါဟာ မပြည့်စုံတဲ့ နိုင်ငံတွေမှာ ရွှေ့ပြောင်းအခြေချ နေထိုင်ကြရမယ့် အနေအထားဆီကိုလည်း ဦးတည်သွားနိုင်ပါတယ်” ဟု ဂျီနီဗာတွင် လူ့အခွင့် အရေးကောင်စီအား ပြောကြားခဲ့သော မိန့်ခွန်းထဲတွင် ဂျော်ဒန် မင်းသားတစ်ဦးဖြစ်သော မဟာမင်းကြီးသစ် ဇိ ရာအက်ဇိ အယ်လ် ဟူစိန် ဆိုခဲ့သည်။



ထို့ပြင် နိုင်ငံရပ်ခြားမှ ပြောင်းရွှေ့အခြေချရန် ဝင်ရောက်လာသူများ၏ ကလေးငယ်များအား ဆိုက်ပရပ်စ် နှင့် အမေရိကန် တို့က ဆက်ဆံ ပုံကို လည်း ဇိ က ဝေဖန်ခဲ့ပြီး ခိုလှုံခွင့်ရရေး ကြိုးပမ်းသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအား ဖမ်းဆီးအကျဉ်းချခြင်း သည် ခြွင်းချက် အနေအထား များ အောက်တွင် မတတ်သာသည့် အဆုံးမှသာ ပြုလုပ်သင့်သော ကိစ္စဖြစ်ပြီး အကျဉ်းချမည့် ကာလမှာ တတ်နိုင်သမျှ အတိုဆုံးဖြစ်ရန် လိုအပ်ကြောင်းနှင့် ဘေးရန်ကာကွယ်ပေးရေး ကျင့်ထုံးများဖြင့် ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုခဲ့သည်။

သြစတြေးလျ၏ တင်းမာသော လူဝင်မှုကြီးကြပ်ရေးမူဝါဒ အရ ၂၀၁၃ ခုနှစ် ဇူလိုင်လမှစ၍ သြစတြေးလျသို့ ရောက်ရှိလာကြသော ကလေးများအပါအဝင်လှေစီးဒုက္ခသည်များအား ပါပူဝါနယူးဂီနီ ရှိ မန်းနပ်စ်ကျွန်း နှင့် နော်ရူးပစိဖိတ်ကျွန်း နိုင်ငံတို့ရှိ ဒုက္ခသည်စခန်းများသို့သာ ပို့ဆောင်လျက်ရှိသည်။

Ref:AFP

0 comments:

Post a Comment