ဘွဲ့ဝတ်စုံတန်ဖိုးမသိဘဲ တလွဲအသုံးပြုဆန္ဒပြသော ကျောင်းသားများကြောင့် ဘွဲ့ဝတ်စုံ၏ သမိုင်းကြောင်းနှင့် အရေးကြီးပုံများကို သိရှိတန်ဖိုး ထားတတ်စေရန် အခြေခံပညာ တွဲဖက်သင်ရိုးများတွင် ထည့်သွင်း သင်ကြားပေးတော့မည်



အစဉ် အလာကြီးမားသော ဘွဲ့ဝတ်စုံ၏ သမိုင်းကြောင်းနှင့် အရေးကြီးပုံများ ကို ငယ်စဉ်ကတည်းကသိရှိပြီး တန် ဖိုးထားတတ်စေရန် အခြေခံပညာ တွဲဖက်သင်ရိုးဝင်ဘာသာရပ်များတွင် ထည့်သွင်းအသိပညာပေးရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၁) အခြေခံပညာဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောကြားလိုက်သည်။

''တကယ်တော့ယနေ့ဖြစ်နေ တာတွေက ကလေးတွေ သိသင့် တာတွေ၊ တန်ဖိုးထားသင့်တာတွေ ကို သိအောင်၊ တန်ဖိုးထားတတ် အောင် လုပ်ပေးဖို့ ဆရာတွေဘက် က ပျက်ကွက်ခဲ့မိတယ်ပေါ့။ အဲဒီ အတွက် များစွာ စိတ်မကောင်းဖြစ် ရပါတယ်။ အားလုံးဟာ ပညာရေး မှာ အခြေခံတယ်ဆိုပေမယ့် အကုန် လုံးကို သင်ခန်းစာထဲ ပစ်ထည့်လိုက် လို့မရဘူး။ ကျောင်းသားတွေကိုယ် တိုင်သင်ယူလေ့လာတဲ့အလေ့အထ တွေနဲ့ အခွင့်အလမ်းတွေ ဖန်တီးပေး ရမယ်။ အဲဒါကြောင့် သင်ခန်းစာ တစ်ရပ်အနေနဲ့မဟုတ်ဘဲ စာရိတ္တ လို ပြည်သူ့နီတိလို ဘာသာရပ်တွေ မှာ ဘွဲ့ဝတ်စုံရဲ့အရေးပါပုံ သမိုင်း ကြောင်းအပြင် တခြားသိသင့်သိထိုက် တန်ဖိုးထားသင့်တာတွေကို အလျဉ်း သင့်သလို အသိပညာပေးနိုင်အောင် လုပ်သွားမယ်။ ဒါကိုလဲ လူကြီးတွေ က အားလုံးဆွေးနွေးပေးနေပါ တယ်'' ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

အဆိုပါသင်ရိုးများကိုလာမည့် ပညာသင်နှစ်များမှစ၍ သင်ကြား နိုင်ရန် စီစဉ်မည်ဖြစ်ပြီး မည်သည့်နှစ် တွင် စတင်သင်ကြားနိုင်မည်ကို အတိအကျမပြောနိုင်သေးကြောင်း၊ ဘွဲ့ရကျောင်းသား တစ်ဦးအနေဖြင့် ဝတ်ရုံကိုဝတ်ဆင်ခွင့်ရရှိပြီး ယင်းသို့ ဝတ်ရုံဝတ်ဆင်ထားခြင်းသည် ပညာ တတ်များသည် တိုင်းပြည်အတွက် အလုပ်များကို အဆက်မပြတ်လုပ် ကိုင်ပေးမည့်သူ၊ တိုင်းပြည်တာဝန် များကို ထမ်းဆောင်မည့်သူဟု အဓိ ပ္ပာယ်ရကြောင်း၊ လက်ထဲတွင် ပန်း ချီရေးဆွဲရာတွင် အသုံးပြုသည့်ပျဉ် ချပ်၊ ဆေးစပ်သည့်ခွက်နှင့် စုတ်တံ များကိုကိုင်ထားရခြင်းသည် တိုင်း ပြည်အနာဂတ်၊ မိမိတို့အနာဂတ်ကို ဆေးရောင်ခြယ်မည့်သူဟု အဓိပ္ပာယ် ရပြီး ယနေ့ခေတ်တွင် ဘွဲ့ဦးထုပ်နှင့် အဓိပ္ပာယ်ချင်းတူကြောင်း၊ နောက် ကျော တံစဉ်၊ တူနှင့် လွှအစရှိသည့် ပစ္စည်းကိရိယာများ ထည့်ထားသည့် အိတ်များကို ပိုးလွယ်ထားရခြင်း သည် တိုင်းပြည်ကို တည်ဆောက် မည့်သူ၊ မိမိဘဝကို တည်ဆောက် မည့်သူဟု အဓိပ္ပာယ်ရကြောင်း၊ ဘွဲ့ ဝတ်စုံ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အမှတ်(၁)အခြေခံပညာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးစီတန်ဇာတွင်းက ရှင်းပြ သည်။

''ဒါမျိုးတွေသိလာဖို့အခြေခံ မှာ ဘွဲ့တစ်ခုရဲ့တန်ဖိုးကို သိရှိ အောင်လေ့ကျင့်သင်ကြားပေးရမယ်။ အဆင့်မြင့်မှာကျတော့ ဘွဲ့တစ်ခုရဲ့ အနှစ်သာရကို လေ့ကျင့်သင်ကြား ပေးရမယ်''အမှတ်(၁)အခြေခံပညာ ဦးစီးဌာနမှဦးစီးအရာရှိ ဦးငွေတိုး ကပြောသည်။

အဆိုပါ ဘွဲ့ဝတ်စုံတန်ဖိုးနှင့် မိမိတို့ရရှိထားသောပညာရပ်များ ၏ တန်ဖိုးများကိုယနေ့ခေတ်ကျောင်း သားများမသိရှိနိုင်ကြခြင်း မှာ အခြေခံပညာရေးနှင့်၊ အဆင့်မြင့် ပညာရေးနှစ်ခုစလုံးတွင် ပညာရေး ၏ မှန်ကန်သော အလေ့အကျင့်၊ ကောင်းမွန်သည့် စည်းကမ်းများကို ပေးစွမ်းနိုင်ခြင်း မရှိသေးခြင်းကြောင့် ဟု ဦးငွေတိုးက ဆက်လက်ပြော သည်။

''ဘွဲ့ဝတ်စုံရဲ့အဓိပ္ပာယ်ကို ယနေ့ ဘွဲ့ရတဲ့လူငယ်အယောက် ၁ဝဝဝမှာ ဆယ်ယောက်လောက် သိရင်ပဲ ကံ ကောင်းတယ်လို့ ပြောရမယ်။ အဲဒီ လိုသမိုင်းကြောင်းနဲ့ရှိလာခဲ့တဲ့ဘွဲ့ ဝတ်စုံရဲ့အရေးကြီးပုံတွေသိရှိအောင် ကိုယ်ရရှိတဲ့ဘွဲ့ကိုတန်ဖိုးထားတတ် အောင် ဘွဲ့အပ်နှင်းတဲ့အခါမှာ ပါ မောက္ခချုပ်တွေကရှင်းလင်းပြော ကြားပေးရမယ်။ နောက်ပြီးငယ်ငယ် လေး ကတည်းက ကိုယ်ဝတ်ရမယ့် ဘွဲ့ဝတ်စုံကို တန်ဖိုးထားတတ်အောင် ဆရာ၊ ဆရာမတွေက ပြောပေးရ မယ်။ ဒါမှ နိုင်ငံခြားတွေမှာလို စာ တော်သည်ဖြစ်စေ၊ မတော်သည် ဖြစ်စေ ဘွဲ့ရတစ်ယောက်အနေနဲ့အကျင့်သိက္ခာရှိရှိပြုမူနေထိုင်တတ် ကြမှာ'' ဟု ဦးစီတန်ဇာတွင်းက သုံး သပ်ပြောကြားသည်။ 

ဘွဲ့ဝတ်စုံသမိုင်းကြောင်းသည် ခရစ်တော်မပေါ်မီ (BC) မတိုင်ခင် ကတည်းက ရှေးဂရိပညာရှိကြီးများ တည်ထောင် ဖွင့်လှစ်သည့် အကယ် ဒမစ်ကျောင်းများတွင် တက်ရောက် ခဲ့သည့် ကျောင်းသားများကို ချီးမြှင့် ခဲ့ခြင်းမှ စတင်ခဲ့ကြောင်းသိရသည်။

ATK, CCT
Democracytoday

0 comments:

Post a Comment