ချွတ်ရစွပ်ရ လွယ်ကူတဲ့ အမိုက်စား sneaker ဖိနပ်များ



မိန်းကလေးဆန်ဆန်နဲ့ပဲ ဆင်မြန်းမလား၊ ဒါမှမဟုတ် တီရှပ်၊ ဘောင်းဘီရှည်နဲ့ပဲ တွဲဝတ်မလား။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ sneaker ဖိနပ်တွေကတော့ သင့်ဖက်ရှင်အတွက် အမြဲတမ်း အထောက်အပံ့ကောင်းဖြစ်နေမှာပါ။ ဘယ်လို sneaker ဖိနပ်ဒီဇိုင်းတွေက သင်နဲ့အဆင်ပြေလိမ့်မလဲ။ တစ်ချက်ကြည့်လိုက်ပါဦး။

၁။ကျားကွက် sneaker ဖိနပ်များ


ရိုးရှင်းပါတယ်။ ဒီဇိုင်းကလည်း ကြာနေပြီလို့ သင်ခံစားနေရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖိနပ်မျိုး တစ်ရံလောက် သင့်ဆီမှာရှိထားရင်တော့ ဘာနဲ့တွဲဝတ်ဝတ် အထာကျနေမယ်ဆိုတာ ယုံပါ။

၂။ဒီဇိုင်းတွေပါတဲ့ sneaker ( ဥပမာ ကျားသစ်ကွက်ဒီဇိုင်း)


ဂျင်းဘောင်းဘီ၊ ဂျင်းစကတ်၊ စသဖြင့် ဂျင်းဘောင်းဘီတွေနဲ့ တွဲဝတ်မယ်ဆိုရင် အလိုက်ဖက်ဆုံး ဒီဇိုင်း ကျားသစ်ဒီဇိုင်းပေါ့။

၃။အနက်ဗြောင် sneaker ဖိနပ်များ


အနက်ရောင် sneaker ဖိနပ်တစ်ရံရဲ့ အသုံးဝင်ပုံကို သင့်မှာရှိဖူးတယ်ဆိုရင် သိပါလိမ့်မယ်။ ဂါဝန်လေးတွေ၊ စကတ်တို၊ အရှည်၊ ဂျင်းဘောင်းဘီ အားလုံးနဲ့ အိုကေတဲ့ ဖိနပ်ပေါ့။

၎။အားလုံးငေးစေမယ့် အကွက်ဒီဇိုင်း sneaker ဖိနပ်များ


သူကတော့ အ၀တ်အစားနည်းနည်းရွေးပါတယ်။ အနက်ရောင်အခံပါတဲ့ တီရှပ်၊ အင်္ကျံမျိုးတွေနဲ့ ပိုလိုက်မှာပါ။ ဒါပေမယ့် ဒီအကွက် sneaker ဟာ လူငေးစေမယ့် ဒီဇိုင်းပါ။

၅။အပြောင်အလက် sneaker ဖိနပ်များ


အရင်က ဒင်နာ၊ ပါတီပွဲတွေ၊ ကလပ်စတာတွေသွားမှသာ စီးလေ့ရှိတဲ့ အပြောင်အလက် metallic ဒီဇိုင်း sneaker တွေဟာ ခုအခါမှာတော့ ထသွားထလာအချိန်တွေမှာတောင် အလွယ်တကူ စီးလာကြတာ တွေ့ရမှာပါ။

Ref:luckymag.com
Trend

0 comments:

Post a Comment