ဒိုင်ကိုခေါင်းဖြင့်ဆောင့်သော ဘောလုံး ကစားသမား ပွဲ ၇၀ ပယ်ခံရ

သြစတြေးလျအပျော်တမ်းလိဂ်ကလပ် အက်စ်ကေရမ်အသင်းမှ အစ္စမေးလ်ဂွန်ဒက်ဇ်သည်အက်စ်ပီဂျီအင့်စ်ဘရက်နှင့်ကစားသော ပွဲ စဉ် ပွဲချိန် ၈၇မိနစ်တွင်ပြ သခံရသော ဒုတိယအ၀ါကတ်ပြစ်ဒဏ်အတွက် ဒိုင်လူကြီး၏ဆုံးဖြတ်ချက်ကိုသောကြောင့် ယင်းဒိုင်အားခေါင်းဖြင့် ဆောင့်ခဲ့ရာ ပွဲ ၇၀ပြစ်ဒဏ်ချမှတ်ခံရသည်။ 

"အစ္စမေးလ်ရဲ့အပြုအမူကို ကျွန်တော်တို့အ သင်းကလည်း ဆန့်ကျင်ပါတယ်။ သူဟာ အသင်းရဲ့ဂုဏ်သိက္ခာကို လွှင့်ပစ်ခဲ့သလိုပါပဲ" ဟု ရမ်အသင်း နည်းပြမိုက် ကယ်မက်စ်နာက ဒေသခံသတင်းစာသို့ပြောသည်။ 

အစ္စမေးလ်ကိုသြစတြေးလျစတုတ္ထတန်းလိဂ်ဖြစ်သောတီရို ဘောလုံးလိဂ်က ပြစ်ဒဏ်ချ
လိုက်ခြင်းဖြစ်ပြီးကလပ်အသင်းကိုလည်း ၂၅၇ ယူရို ဒဏ်ရိုက်ခဲ့သည်။"ပွဲ ၇၀ ပယ်တယ်ဆိုတာက အမှန်တော့ မြင့်မားလွန်းတဲ့ပြစ်ဒဏ်ပါ။ ဒါပေမဲ့မျက်မြင်သက်သေတွေ၊ အစီရင်ခံစာတွေ၊ ပြန်လည်ချေပ မှုတွေကိုသေချာစစ်ဆေးပြီးမှ ဆုံးဖြတ်လိုက်တာပါ။ သူအနေနဲ့ ၇၈ပွဲအထိတောင်တိုးမြှင့်ချမှတ်ခံရနိုင်ဖွယ်ရှိနေတာပါ"ဟု တီရိုလိဂ်မှပြောရေးဆိုခွင့်ရှိသူက ဘီဘီစီသို့ ပြောသည်။ 

အစ္စမေးလ်ဂွန်ဒက်ဇ် ကမူမိမိကိုယ်ကိုယ် ကာကွယ်ပြောကြားခဲ့ပြီး ရူးမိုက်သည့်ပြစ်ဒဏ်ဖြစ် ကြောင်း၊ဘောလုံးပြန် ကစားနိုင်ရန် လုပ်နိုင်သမျှအ ရာအားလုံးကြိုး ပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ 

ရည်ညွှန်း ဘီဘီစီ
Mizzima

0 comments:

Post a Comment