တယ်လီနောမှ ဆင်းကဒ်ဖြန့်ဝေမှု မန္တလေးမှစတင်မည်ဟုသိရ


တယ်လီနောမှ ငွေကျပ် ၁၅၀၀ ထက်မပိုသော တစ်မိနစ်ပြောဆိုနှုန်းထား ၂၅ ကျပ်ထက် မပိုသော ဆင်းကဒ်များအား မြန်မာနိုင်ငံအတွင်း ဖြန့်ချိရာတွင် မန္တလေးမြို့မှ စတင် သွားမည်ဖြစ်ကြောင်း၊ ယနေ့ ၁၀ နာရီခွဲမှစကာ မန္တလေး စက်မူဇုံ ကနောင်ခန်းမ တွင် တယ်လီနောနှင့် စက်မူစီးပွားရေးလုပ်ငန်းစုများ အတွက်သီးသန့် ဝန်ဆောင်မှုများအကြောင်း လာရောက် ရှင်းလင်မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။


သို့သော်လည်း မည်သည့်နေ့ရက်တွင် စတင်ဖြန့်ချိမည်ကို ပြောကြားခဲ့ခြင်း မရှိသေးဘဲ နီးကပ်မှသာ အသေးစိတ် သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ Vice president & Head of Enterprise Marketing Group ဖြစ်သူ ဦးရေချမ်းမှ အထက်ပါပွဲတွင် ပြောကြားခဲ့သည်။
တက်ရောက်လာသူ လုပ်ငန်းရှင်အချို့မှ မေးမြန်းမှုကို ဖြေကြားရာတွင်လည်း တစ်မိနစ်အတွက် ပြောဆိုခနှုန်းထားမှာ လောလောဆယ်တွင် ၂၅ ကျပ်ထက်မပိုသော နှုန်းထားဖြစ်ပြီး စက္ကန့်အလိုက် တွက်ချက်ကောက်ခံမှုကို နောက်မှ ထပ်မံထုတ်ပြန်ပေးမည်ဟု ဆိုသည်။ ပိုကောင်းသည့် ဝန်ဆောင်မှုကို ပေးရန်ရှိပြီး ဝန်ဆောင်မှုများမှာ ရိုးစင်းရှင်းလင်းမည်ဟုဆိုကာ အများပြည်သူအား ပေးသောကတိ တည်စေနိုင်ရန်အတွက် ကတိပေးထားသော လိုင်စင်ရပြီး ၈ လအကြာ အောက်တိုဘာ ၅ ရက် နောက်ဆုံးထား ဖြန့်ချိပေးမည်ဟု ပြောသည်။

ဆိုင်းဘုတ်များ တပ်ဆင်ထားသည့် မိုဘိုင်းဆိုင်အများစုကမူ ယခုလ ၁၅ ရက်နေ့တွင် တယ်လီနော ဆင်းကဒ်များ မန်းတွင် စတင်ဖန့်ဝေပေးမည်ဟု ပြောဆိုနေကြကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။

0 comments:

Post a Comment