အခုတစ်ပတ် အီတလီနိုင်ငံမှာ လက်ထပ်ခဲ့ကြတဲ့ Neil Patrick Harris နဲ့ David Burtka


ဒီလမှာ ထူးထူးခြားခြား လက်ထပ်မင်္ဂဆောင်ပွဲကြောင့် တစ်ကမ္ဘာလုံးကို အံ့သြမှုဖြစ်စေခဲ့တာ ကလေးငယ်တွေကို ချစ်ချစ်ခင်ခင်ပြုစုစောင့်ရှောက်နေတဲ့အပြင် ချစ်သူစုံတွဲအနေနဲ့ အချိန်ကြာရှည် လက်တွဲခဲ့ကြတဲ့ Brad နဲ့ Angelina တို့ စုံတွဲတစ်တွဲထဲတင် မဟုတ်ပါဘူး။ Neil Patrick Harris နဲ့ David Burtka နှစ်ဦးတို့လည်း ဆယ်နှစ်ကျော်ကြာ ချစ်သူတွေအဖြစ် တွဲခဲ့ကြပြီးတဲ့နောက် အီတလီနိုင်ငံမှာ စနေနေ့ (စက်တင်ဘာ ၆) မှာ စုံဖက်ခဲ့ကြပါတယ်။

“How I Met Your Mother” ဇာတ်ကား ထုတ်လုပ်သူ Pan Fryman ဟာ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ အပြင် Elton John လည်း ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့ပြီး မင်္ဂလာဆောင်စုံတွဲနှစ်ဦးတို့ရဲ့ မွေးစားသားတွေဖြစ်ကြတဲ့ အမွှာညီအစ်ကို Gideon နဲ့ Harper တို့ကလည်း လက်ချင်းတွဲလျက် ရှိနေခဲ့ကြလို့ ဒီလက်ထပ်မင်္ဂလာအခမ်းအနားဟာ အမှတ်ရစရာ၊ သတိရစရာ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်လို့ E! News သတင်းမှ ဖော်ပြထားပါတယ်။

Harris နဲ့ Burtka တို့ရဲ့ဒီမင်္ဂလာဆောင်ပွဲဟာ အံ့သြစရာတစ်ခု ဖြစ်လာခဲ့ပေမဲ့ ဒီအစီအစဉ်ဟာ ဟိုအရင်ကတည်းက ရှိနေခဲ့တာပါ။ New York မြို့မှာ Marriage Equality Act ဥပဒေ အတည်ပြုပြီးတဲ့နောက် ၂၀၁၁ ခုနှစ် ဇွန်လမှာ သူတို့ရဲ့စေ့စပ်ကြောင်းလမ်းသဘောတူညီချက်ကို Twitter ပေါ်မှာ ကြေငြာခဲ့ကြပါတယ်။ သူတို့စုံတွဲနှစ်ဟာ တကယ်တော့ (၅)နှစ်ကြိုတင်ပြီး အချင်းချင်း ကမ်းလမ်းမှုပြုလုပ်ခဲ့ကြတာပါလို့ Harris က မှတ်ချက်ပေးထားပါတယ်။

Source: MTV

0 comments:

Post a Comment