အာဆီယံယူ-၁၉ ဆီမီး ဖိုင်နယ်တွင် မြန်မာအသင်း အိမ်ရှင် ဗီယက်နမ် အသင်းနှင့် တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၉။ မြန်မာယူ-၁၉အသင်းသည် အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်တွင် အိမ် ရှင်ဗီယက်နမ်အသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။



မြန်မာ အသင်းနှင့် ဆီမီးဖိုင်နယ်တွင် တွေ့ဆုံမည့် အိမ်ရှင် ဗီယက်နမ် အသင်း။

မြန်မာအသင်းက အင်ဒိုနီးရှား အသင်းကို အနိုင်ရခဲ့သည့် ပွဲစဉ် အပြီးတွင် ဆက်လက် ကစားခဲ့သည့် ဂျပန် အသင်းနှင့် ဗီယက်နမ်တို့၏ ပွဲစဉ်တွင် အိမ်ရှင် ဗီယက်နမ်မှာ အာရှထိပ်သီး ဂျပန်ကို အကြိတ်အနယ် ကစားနိုင်ခဲ့ သော်လည်း ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သောကြောင့် အုပ်စု(က)မှ အုပ်စုဗိုလ် ဖြစ်လာသည့် မြန်မာ အသင်းနှင့် တွေ့ဆုံလာခြင်း ဖြစ်သည်။

မြန်မာယူ-၁၉အသင်းသည် ယင်းပြိုင်ပွဲ၏ အုပ်စု(က)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထိုင်း၊ အင်ဒိုနီးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရာတွင် အင်ဒိုနီးရှားအသင်းကို (၃-၀)ဂိုး၊ ထိုင်းအသင်းကို (၂-၁)ဂိုးတို့ဖြင့် အသီးသီးအနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်သို့ အုပ်စုပထမအဖြစ်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆီမီး ဖိုင်နယ်တွင် မြန်မာအသင်းနှင့် တွေ့ဆုံရမည့်ဗီယက်နမ်အသင်းမှာ အုပ်စု(ခ)တွင် ဂျပန်၊ သြစတြေးလျ အသင်းတို့ဖြင့် ရင်ဆိုင်ကစားခဲ့ရခြင်းဖြစ်သည်။

ဗီယက်နမ်အသင်းသည် သြစတြေးလျ အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ဂျပန်အသင်းအား (၃-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီး အုပ်စုဒုတိယအဖြစ် ဆီမီး ဖိုင်နယ်သို့ တက်ရောက်လာ ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့သည် စက်တင်ဘာလ (၁၁)ရက်နေ့တွင် ဆီမီးဖိုင်နယ် ပွဲစဉ်(၁)အဖြစ်လည်းကောင်း၊ ဂျပန်နှင့် ထိုင်းအသင်းတို့သည် ဆီမီးဖိုင်နယ်ပွဲစဉ်(၂)အဖြစ်လည်း ကောင်းယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဖိုင်နယ်ပွဲစဉ်နှင့် တတိယနေရာ လုပွဲကို စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်သည်။Mizzima

0 comments:

Post a Comment