အပြာကားတွင် ပါဝင်သရုပ်ဆောင်ခိုင်းသည့် ခင်ပွန်းအား အိန္ဒိယမင်းသမီး အဆိပ်ခတ်သတ်


အိန္ဒိယမင်းသမီး Shruti Chandralekha ဟာ အပြာကားတွေမှာ အတင်းအကြပ် သရုပ်ဆောင်ခိုင်းနေတဲ့ ခင်ပွန်းဖြစ်သူကို အဆိပ်ခတ်သတ်ပစ်ခဲ့ပါတယ်။

The Time Of India ရဲ့ဖော်ပြချက်အရ မင်းသမီးဟာ ကြံရာပါနှစ်ယောက်နဲ့အတူ သူမရဲ့ယောကျာ်းကို သတ်ပစ်ခဲ့တာဖြစ်ပြီး Bangalore မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
သူမရဲ့ခင်ပွန်း Ronald Peter Prinzo ဟာ အပြာကားတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ အတင်းအကြပ်ဖိအားပေးနေတာကြောင့် ဒီလို သတ်ပစ်ဖို့ကြံစည်ခဲ့တာလို မင်းသမီးကဆိုပါတယ်။

ယောကျာ်းဖြစ်သူ Prinzo ဟာ ရင်းနှီးမြှပ်နှံမှုပြုလုပ်ရာမှာ အကြီးအကျယ်ရှုံးခဲ့တာကြောင့် အပြာကားတွေမှာ ဝင်ရောက်သရုပ်ဆောင်ဖို့ ဖိအားပေးနေခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ သူမကတော့ ငြင်းဆိုခဲ့ပြီး သတ်ပစ်ဖို့ အစီအစဉ်ချခဲ့ပါတယ်။

အရင်က သူတို့လင်မယားရဲ့ လုပ်ဖော်ကိုင်ဖက် ပါတနာနှစ်ဦးနဲ့အတူ ပူးပေါင်းကြံစည်ခဲ့တာဖြစ်ပါတယ်။
Umachandran နဲ့ Prinson ဆိုတဲ့ ဒီပါတနာနှစ်ဦးဟာလည်း လုပ်ငန်းစပ်တူပြုလုပ်ရာမှာ မင်းသမီးရဲ့ ယောက်ျားက သူတို့ကို လိမ်ခဲ့တယ်လို့ ထင်နေသူတွေဖြစ်ပါတယ်။

မင်းသမီးဟာ အစာထဲမှာ အဆိပ်ခပ်ခဲ့ပြီး ကျန်နှစ်ယောက်ရဲ့ အကူအညီနဲ့အတူ လည်ပင်းညစ်သတ်ခဲ့တာဖြစ်ပါတယ်။လူသတ်မှုဖြစ်အပြီးမှာ ထွက်ပြေးခဲ့တဲ့ မင်းသမီးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖမ်းမိခဲ့ပါတယ်။

0 comments:

Post a Comment