တစ်နှစ်အတွင်းမိမိကိုယ်ကို သေကြောင်း ကြံစည်သူ ဦးရေ ရှစ်သိန်း ရှိကြောင်း WHO ပြော

ကမ္ဘာ့ ​ကျန်းမာရေး ​အဖွဲ့ ​WHO ​ကနေ ​လာမယ့် ​၂၀၂၀ ​ပြည့်နှစ် ​မတိုင်ခင် ​မိမိကိုယ်ကို ​သေကြောင်း ​ကြံစည်သူ ​ဦးရေ ​၁၀ ​ရာခိုင်နှုန်း ​လျော့ကျအောင် ​လုပ်ဆောင်မှာ ​ဖြစ်ပါတယ်။

WHO ​အဖွဲ့ကနေ ​မိမိကိုယ်ကို ​သေကြောင်းကြံစည်မှု ​ကြိုတင် ​ကာကွယ်ခြင်း ​ဆိုင်ရာအတွက် ​ပထမဆုံး ​အစီရင်ခံစာ ​တစ်စောင် ​ထုတ်ပြန်ခဲ့ပြီး ​တွေ့ရှိ ​ချက်တွေ ​ကတော့ ​ကြောက်ခမန်း ​လိလိ ​အခြေ ​အနေမှာ ​ရှိနေပါတယ်။

အဲဒီအစီရင် ​ခံစာအရ ​ကမ္ဘာပေါ်က ​လူတွေဟာ ​မိနစ် ​၄၀ ​မှာ ​တစ်ယောက် ​နှုန်းနဲ့ ​ကိုယ့်ကိုကိုယ် ​သေကြောင်း ​ကြံစည်နေ ​တယ်ဆို ​တာကို ​တွေ့ခဲ့ရပြီး ​တစ်နှစ်မှာ ​လူ ​အယောက်ပေါင်း ​ရှစ်သိန်း ​လောက်က ​ကိုယ့်ကိုကိုယ် ​ကြံစည်ပြီး ​သေဆုံးကြ ​တဲ့နှုန်း ​ဖြစ်နေ ​ပါတယ်။

အသက် ​၁၅ ​နှစ်ကနေ ​၂၉ ​နှစ်ရှိ ​လူငယ်တွေ ​အကြား ​ဒုတိယ ​အများဆုံး ​သေစေတဲ့ ​ပြဿနာ ​တစ်ခု ​ဖြစ်ပါတယ်။

ကမ္ဘာတလွှားမှာ ​၁၀ ​နှစ်ကြာ ​သုတေသန ​ပြုလုပ် ​ပြီးနောက် ​ဒီအစီရင် ​ခံစာကို ​ထုတ်ပြန် ​ခဲ့တာပါ။

မိမိကိုယ်ကို ​သေကြောင်း ​ကြံစည်သူ ​ဦးရေ ​များပြား ​ရတာဟာ ​မီဒီယာတွေမှာ ​ရေးသား ​ချက်တွေကြောင့် ​ဖြစ်တယ်လို့ ​လည်း ​စွပ်စွဲထားပါတယ်။

ဥပမာအားဖြင့် ​မကြာသေး ​ခင်တုန်းကပဲ ​မိမိကိုယ်ကို ​သေကြောင်း ​ကြံစည်ခဲ့တဲ့ ​ဟောလိဝုဒ်ရုပ်ရှင် ​ဟာသ ​သရုပ်ဆောင် ​မင်းသား ​Robin ​William ​သေဆုံးမှုမှာ ​မီဒီယာတွေ ​အများအပြား ​ဖော်ပြခဲ့တာကို ​ထောက်ပြခဲ့ကြပါတယ်။

မိမိကိုယ်ကို ​သေကြောင်း ​ကြံစည် ​မှုကနေ ​ကာကွယ်ပေးနိုင်မယ့် ​နည်းဗျူဟာတွေ ​ရှိတဲ့နိုင်ငံမှာ ​သေကြောင်း ​ကြံစည် ​သူဦးရေ ​ပိုနည်းပါး ​တာကို ​တွေ့ခဲ့ရပေမယ့် ​အဲဒီ ​နည်းဗျူဟာကို ​နိုင်ငံပေါင်း ​၂၈ ​နိုင်ငံကသာ ​ကျင့်သုံးနေတယ်လို့လည်း ​WHO ​အဖွဲ့က ​ပြောပါတယ်။

ABC Radio Australia


ဓါတ်ပုံ - အင်တာနက် 


0 comments:

Post a Comment