အီဘိုလာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ ၁၉၀၀ အထိ မြင့်တက်လာ

အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ်ရောဂါ စတင်ကူးစက်ပြန့်ပွားချိန်
မှစ၍ ယနေ့အထိ သေဆုံးသူဦးရေ ၁၉၀၀ ကျော်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာ
ရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)က ကြေညာသည်။ 
အနောက်အာဖရိကနိုင်ငံများ ဖြစ်သည့် ဂီနီ၊ ဆီရာလီယွန်နှင့် လိုင်ဘေးရီးယား
နိုင်ငံတို့တွင် အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်သူ ၃၅၀၀ ခန့်ရှိကြောင်း ကမ္ဘာ့ကျန်းမာ
ရေးအဖွဲ့ အကြီးအကဲ မာဂရက်ချန်းက ပြောသည်။ အဆိုပါ နိုင်ငံများတွင် အီဘိုလာ
ဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်နိုင်မှုထက် ဖြစ်ပွားမှုနှုန်းကလွန်ကဲနေကြောင်း သူမကပြောဆို
သည်။ 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စက်တင်ဘာ ၄ ရက်တွင် အစည်းအဝေး ကျင်းပပြီး
အလားအလာကောင်းသည့် ကုသမှုများနှင့် ပတ်သက်၍ ဆွေးနွေးညှိ နှိုင်းခဲ့ကြသည်။
အဆိုပါ ဂျီနီဗာညီလာခံ တွင် အီဘိုလာရောဂါ ထိန်းချုပ်ရေး ကျွမ်းကျင်သူများ၊ ဆေးဘက်
ဆိုင်ရာ သုတေသနပညာရှင်များ၊ အီဘိုလာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေသည့် နိုင်ငံများမှ
တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဆေးဝါးအထူးကုဆရာဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရ
သည်။ 
အဆိုပါ အီဘိုလာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခြင်းမပြုမီ လူ ၂၀၀၀၀
ကျော်ကိုကူးစက်နိုင်ကြောင်း ကမာ့္ဘ ကျန်းမာရေးအဖွဲ့ကြီးက သတိပေးကြေညာထားပြီး
ဖြစ်သည်။ အီဘိုလာ ဗိုင်း ရပ်စ်ရောဂါဖြစ်ပွားခဲ့သူများအနက် ရာခိုင်နှုန်း ၄၀ ခန့်မှာ
စက်တင်ဘာ ၃ ရက် အတွင်း သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအတည်ပြု
ပြော ကြားသည်။ 
ဘီဘီစီ
စံတော်ချိန်

0 comments:

Post a Comment