တစ်ချိန်တွင် မန်ယူ၌ ပြန်ကစားမည်ဟု ရော်နယ်ဒိုပြော


မက်ဒရစ်− ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုက ၎င်းသည် အနာဂတ်တစ်ချိန်တွင် မန်ယူ၌ပြန်ကစားရန် စိတ်ဆန္ဒရှိကြောင်းထုတ်ဖော်ပြောကြားလိုက်သည်။

ရော်နယ်ဒိုသည် မန်ယူတွင် ၂၀၀၃ မှ ၂၀၀၉ နှစ်များအတွင်း အောင်မြင်မှုရ ခဲ့ပြီးနောက် ရီးရဲလ်သို့ ယူရို ၉၄ သန်းဖြင့် ပြောင်းရွှေ့သွားခြင်းဖြစ်သည်။ ‘‘ကျွန်တော် မန်ယူကို ချစ်ပါတယ်။ လူတိုင်းလည်း သိပါတယ်။ ကျွန်တော် အကြိမ်များစွာ ပြောဖူးတာ။ မန်ယူဟာ ကျွန်တော့်နှလုံးသားပါပဲ။ သူငယ်ချင်းကောင်းတွေ အဲဒီမှာကျန်ခဲ့ပြီးပရိသတ်တွေကလည်း အံ့ဩစရာကောင်းတယ်။ တစ်နေ့ပြန်ချင် တယ်ဆိုတာ ကျွန်တော့်ဆန္ဒပါ’’ဟု ရော်နယ်ဒိုက ဒေးလီးမေးလ်သတင်းနှင့် တွေ့ဆုံမှုတွင် ပြောသည်။ ရီးရဲလ်တွင် လေးနှစ်တာရှိပြီဖြစ်ပြီး ကစားရသည်မှာလည်း ပျော်ရွှင်ကြောင်း ၎င်းကပြောသည်။ ဗန်ဂါးလ်၏ မန်ယူကစားသမားသစ်များနှင့် ပတ်သက်၍ မန်ယူသည် ဒီမာရီယာ၊ ဖယ်လ်ကာအို စသည့် ကစားသမားများကြောင့် တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ထောက်ခံပြောကြားသည်။ မန်ယူသည် လက်ရှိတွင် သုံးပွဲကစား နှစ်မှတ်သာရထားပြီး ပရီးမီးယားလိဂ်ဇယား အဆင့်(၁၄)တွင် ရပ်တည်နေသည်။

—Ref: Goal
7day

0 comments:

Post a Comment