တစ်ပတ် ပေါင် ၃သိန်းလစာနှင့်မတန်ဟု ရူနီ ဝေဖန်ခံရ

မန်ယူနောက်ခံလူဟောင်းပေါလ်ပါကာက ဘန်လေနှင့်သရေကျခဲ့သောပွဲမှ တိုက်စစ်မှူးရူနီ၏ ခြေစွမ်းမှာ အံ့အားသင့်ဖွယ်ကောင်းကြောင်း၊အသင်းတွင် ရူနီအား ချန်လှပ်ပြီး တိုက်စစ်မှူးသစ်ဖယ်ကာအိုအား နေရာပေးသင့်ကြောင်း အံ့အားသင့်ဖွယ် ဝေဖန်လိုက်သည်။ဘန်လေနှင့်ပွဲမှ ခြေစွမ်းကြောင့် ရူနီအနေဖြင့် အဘယ့်ကြောင့် မန်ယူတွင် တစ်ပတ်လစာပေါင် ၃ သိန်းအထိ ရရှိနေသလဲဟု မိမိမေးခွန်းထုတ်မိကြောင်း နောက်ခံလူဟောင်းပါကာက ဆိုသည်။”ရူနီကို ကြည့်ရတာ တကယ့်ကိုအံ့သြစရာပါပဲ။ဘန်လေနှင့်ပွဲမှာ မန်ယူ ကို သူဦးဆောင်ကစားခဲ့တယ်လို့ ဆိုချင်စရာရှိပါတယ်။ဒါပေမယ့် သူဟာ သူ့ကိုယ်သူပဲ စိတ်ဝင်စားခဲ့ပြီး အသင်းကို နိုင်ပွဲရအောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။တစ်ပတ်ကို ပေါင် ၃သိန်းလောက်ရနေတဲ့ ကစားသမား ရဲ့ခြေစွမ်းက ဒီလိုဖြစ်နေတာ အံ့သြစရာပါပဲ”ဟု ပါကာက ဝေဖန်လိုက်သည်။ပါကာက နည်းပြဗန်ဂါးလ်၏ ၃-၅-၂ ကစားကွက်တွင် နောက်ချန်တိုက်စစ်မှူးအဖြစ် ရူနီထက် မာတာနှင့် ဒီမာရီယာတို့က ပိုမိုခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဆိုခဲ့သည်။


7day sport


0 comments:

Post a Comment