မေမြတ်နိုးသရဖူ သိမ်းဆည်းရန် ပြောကြားခဲ့ခြင်းမရှိဟု နေရှင်နယ်ဒါရိုက်တာ မလှနုထွန်းတုံ့ပြန်


နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ထိပ်တန်းသတင်းဖြစ်နေတဲ့ မေမြတ်နိုးသရဖူ သိမ်းဆည်းခံရတဲ့ ဖြစ်စဉ်ရဲ့နောက်ကွယ်မှာ သူရှိမနေခဲ့ဘူးလို့
မေမြတ်နိုးရဲ့နေရှယ်နယ် ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တဲ့ မလှနုထွန်းက ငြင်းဆိုလိုက်ပါတယ်။ Miss Asia Pacifci World 2014 အလှမယ်ဆုရရှိခဲ့တဲ့ မေမြတ်နိုးဟာ သူရရှိတဲ့သရဖူကို သုံးလတာအသိအမှတ်ပြုခံရပြီးနောက် သရဖူပြန်လည် ရုတ်သိမ်းခြင်း ခံခဲ့ရပါတယ်။


သရဖူရုတ်သိမ်းဖို့အတွက် Miss Asia Pacific World Organization ရဲ့ညွှန်ကြားရေးမှူး မလှနုထွန်းက Miss Asia Pacifci Myanmar Organization ကိုတိုက်တွန်းခဲ့တယ်လို့ အလှမယ်မေမြတ်နိုးက စက်တင်ဘာ (၂) ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ ဒါပေမယ့် မေမြတ်နိုးရဲ့နေရှယ်နယ် ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တဲ့ မလှနုထွန်းကတော့ သူ့အနေနဲ့ မေမြတ်နိုးရဲ့သရဖူကို ပြန်လည်သိမ်းဆည်းဖို့ တိုက်တွန်းခဲ့တာ မရှိဘူးလို့ MRTV-4 နဲ့ သီးသန့်တွေ့ဆုံစဉ် ပြောကြားပါတယ်။

Miss Asia Pacifci Myanmar Organization ပြိုင်ပွဲမှာဆုရရှိပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာပြီးနောက်ပိုင်း မလှနုထွန်းနဲ့ မေမြတ်နိုးတို့ဆက်ဆံရေး အဆင်မပြေတဲ့ သတင်းတွေမီဒီယာတွေမှာ ထွက်ပေါ်ခဲ့သလို မလှနုထွန်းက မေမြတ်နိုးအနေနဲ့ သရဖူပြန်သိမ်းခံရနိုင်တယ်လို့ သတိပေးမှုတွေလည်း မီဒီယာတွေကနေတစ်ဆင့် ပြောကြားထားတာရှိပါတယ်။ မေမြတ်နိုးက သရဖူပြန်လည်အပ်နှံစေချင်ရင် Miss Asia Pacific World Organization အနေနဲ့သူ့အပေါ် စွပ်စွဲပြောဆိုထားတာတွေကို တရားဝင်ပြန်လည်တောင်းပန်ဖို့ လိုအပ်မယ်လို့ သတိပေးပြောကြားထားပြီး မလှနုထွန်းကတော့ မေမြတ်နိုးအနေနဲ့ သရဖူပြန်အပ်မယ့်ကိစ္စကို ကိုရီးယားအဖွဲ့အစည်းနဲ့သာ ညှိနှိုင်းသင့်တယ်လို့ ပြောပါတယ်။

MRTV-4

0 comments:

Post a Comment