စီအမ်အေဆုပေးပွဲမှ ဆန်ခါတင်ကိုးဆုရှင် မိုင်ရန်ဒါလမ်းဘတ်



အမေရိကန်ကန်းထရီးဂီတကြယ်ပွင့် မိုင်ရန်ဒါလမ်းဘတ်အား တစ်နှစ်တာအေ ကာင်းဆုံး အနုပညာရှင်ဆုအပါအဝင် စီအမ်အေဆုကိုးဆုအတွက် ဆန်ခါတင်ရွေးချယ်ခံ ထားရကြောင်းသိရသည်။


ကန်းထရီးဂီတအစည်းအရုံးမှ အဖွဲ့ဝင်များ၏ မဲပေးရွေးချယ်မှုဖြင့် ကန်းထရီးတေးသံ ရှင်များနှင့် ထုတ်လွှင့်သူများကို နှစ်စဉ်ချီးမြှင့်လေ့ရှိသည့် အဆိုပါဆုပေးပွဲကို အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ တန်နက်စီပြည်နယ်၏ မြို့တော်နက်ရှ်ဗီလီ၌ နိုဝင်ဘာ ၅ ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။

တေးသံရှင်မိုင်ရန်ဒါလမ်းဘတ်သည် ၂ဝ၁၃ ခုနှစ်က စီအမ်အေ၏ အကောင်းဆုံးအ မျိုးသမီးအသံပိုင်းဆိုင်ရာဆု ရရှိဆွတ်ခူးခဲ့ပြီး ယခုနှစ်တွင်လည်း ယင်းဆုအပါအဝင် ယခုနှစ်ဆန်းပိုင်းထွက်ရှိခဲ့သည့် Platinum အယ်လ်ဘမ်ဖြင့် Album of the Year ဆု အပါအဝင် ဆုကိုးဆု ဆန်ခါတင်ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

0 comments:

Post a Comment