
ရန်ကုန်၊
ကြံခင်း မြို့နယ်၊ ကြို့ပင်စုအုပ်စု၊ ကိုင်းသာ ကျေးရွာရှိ ဘုန်းကြီးကျောင်းတုံကင် ရေတွင်းတူးရာ ငါးရက်တစ်ကြိမ် ရေ အရောင်ပြောင်းနေသဖြင့် ဓာတ်ခွဲ စမ်းသပ်ခန်းပို့ရန် စီစဉ်နေကြောင်း ကြံခင်းမြို့ ပွင့်လင်းလူ့ အဖွဲ့အစည်း မှ သိရသည်။
''ရေက မင်နက်ရောင်ဖြစ်နေ တယ်။ ဘူးထဲထည့်သယ်လာပြီး မနက် ကျတော့ အဖြူရောင်ပြောင်းသွား တယ်။ ဘာအနယ်မှလဲ မတွေ့ရဘူး။ ဓာတ်ခွဲခန်းပို့ပြီး စမ်းသပ်သွားဖို့ ဆောင် ရွက်နေတယ်''ဟု ကြံခင်းမြို့ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးချစ်လှက ပြော သည်။
အဆိုပါဘုန်ကြီးကျောင်းတွင် ယခင်ကရေတွင်းတူးသော်လည်း ရေ မရသည့် အခက်အခဲရှိနေပြီး ဇွန်လ တွင် တူးဖော်ခဲ့သည့် ရေတွင်းမှ အ ရောင်သုံးမျိုးပြောင်းနေသည့်ရေကို တူးဖော်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
''တူးစက ရေကြည်ထွက်တယ်။ နောက် ငါးရက်အကြာ အမည်း ရောင်၊ နောက် ငါးရက်အကြာ ရေက အဝါရောင် ပြောင်းသွားတယ်။ နောက် ငါးရက်ကြာတော့ အနီ ရောင် ဖြစ်သွားပြန်ရော။ ဥပုသ် လပြည့်နေ့ကျရင် ရေက အဖြူ ရောင် ထွက်ပြန်တယ်''ဟု ကိုင်းသာ ဘုန်းကြီးကျောင်း ဆရာတော်က မိန့် သည်။
အရောင်ပြောင်းနေသည့် ရေမှာ ရောဂါပျောက်သည်ဟု ယူဆရာ အနီးဝန်းကျင်ကျေးရွာများမှ လူပေါင်း ၁ဝဝ ကျော်ခန့်ကလာရောက် ယူဆောင် နေကြပြီး ညဘက်တွင်ရေခိုးယူခပ် မှုများပါရှိလာသဖြင့် အစောင့်များဖြင့် ထားနေရကြောင်း ဆရာတော်က မိန့်ကြားသည်။
အဆိုပါ ရေတွင်းကို ၄င်း၏အိပ်မက်အရ တူးဖော်ရာမှ အနက် ၈၅ ပေတွင် ထူးဆန်းသောရေများ ထွက်လာခြင်းဖြစ်သည်ဟု ကိုင်းသာ ဘုန်းကြီးကျောင်းမှ ဂေါပကဖြစ် သူက ဆိုသည်။
KSL (Myitmakha)
Democracytoday
Yangon
0 comments:
Post a Comment