အယ်လ်ကိုင်ဒါအဖွဲ့ ခေါင်းဆောင် ခြိမ်းခြောက်သော်လည်း လုံခြုံရေး အစီအမံပြုလုပ်ထားပြီးဟု သမ္မတရုံးမှတာဝန်ရှိသူပြော

အယ်လ်ကိုင်ဒါအဖွဲ့ ခြိမ်းခြောက်မှုကြောင့် အစိုးရိမ်မလွန်ရန်နှင့် ပြည်သူများကြား သံသယကြီးထွားပြီး ပဋိပက္ခများဆီပြန်လည်ဦးတည်မသွားစေရန်လိုဟု သမ္မတရုံးမှအကြီးတန်းအရာရှိ တိုက်တွန်း 
မြန်မာနိုင်ငံသည် အယ်လ်ကိုင်ဒါအဖွဲ့ကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများ၏ ပစ်မှတ် ဖြစ်လာနိုင်ကြောင်း ကြိုတင်သိရှိ ထားပြီး အမျိုးသားလုံခြုံရေး (National Security) အတွက် အ ကြမ်းဖက်တိုက်ဖျက်ရေးဆင်နွှဲ နေသည့် အမေရိကန်အပါအ၀င် နိုင်ငံတကာထောက်လှမ်းရေးအ ဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်နေကြောင်း သမ္မတရုံးမှ သတင်းရရှိသည်။ 

အယ်လ်ကိုင်ဒါအကြမ်းဖက် အဖွဲ့ခေါင်းဆောင် အေမန်အယ်လ် ဇာဝါဟီရီက အိန္ဒိယနိုင်ငံတွင် အယ်လ်ကိုင်ဒါအဖွဲ့ခွဲတစ်ခု ဖွဲ့ စည်းမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့တွင် ဂျီဟတ်လှုပ်ရှားမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းအပေါ် သမ္မတရုံးက တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။ 

အယ်လ်ကိုင်ဒါအဖွဲ့၏ ယခု ကြေညာချက်မှာ မြန်မာနိုင်ငံအ တွင်း ၎င်းတို့၏ သဘောထား နောက်ကို လိုက်ပါမည့် အစွန်း ရောက်များထွက်ပေါ်လာရန် စည်းရုံးခြင်း၊ ဂျီဟတ်ကြေညာ၍ လူ့ အဖွဲ့အစည်းနှစ်ခုအတွင်း ပဋိပက္ခများ ပိုမိုပြင်းထန်လာအောင် လှုံ့ ဆော်ခြင်းဟု ယူဆကြောင်း သမ္မတ ရုံးအကြီးတန်းအရာရှိက ပြော ကြားသည်။ 

‘‘အကြမ်းဖက်အဖွဲ့အစည်း တွေရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက် လို့ သတင်းအချက်အလက်တွေ ဖလှယ်မျှဝေဖို့ Early Warning System တစ်ခု ထူထောင်ထားပါ တယ်။ အဲဒီမှာ မြန်မာကလည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ အကြမ်းဖက်မှုတွေကို တိုက်ဖျက်တဲ့ အခါမှာ တစ်နိုင်ငံတည်းလုပ်လို့ မရပါဘူး။ ဒါကြောင့် အဲဒီအဖွဲ့ တွေကို တောက်လျှောက်စောင့် ကြည့်တဲ့ အမေရိကန်အပါအ၀င် ထောက်လှမ်းရေးအဖွဲ့အစည်း တွေနဲ့ အချင်းချင်းသတင်းဖလှယ် တာ၊ သတိပေးတာတွေကို ဒီစနစ်က သတိပေးတာပါ။ ဒီလိုအန္တ ရာယ်မျိုးက ကာကွယ်နိုင်အောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အထူးအ လေးထားဆောင်ရွက်နေပါတယ်’’ဟု ၎င်းက ပြောသည်။ 

ကက်ရှ်မီးယားဒေသနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိ ပက္ခများကို အကြောင်းပြုပြီး အယ်လ်ဇာဝါဟီရီကအိန္ဒိယတိုက် ငယ်တွင် ဂျီဟတ်လှုပ်ရှားမှုကို စတင်ရန် ကြေညာလာခြင်း ဖြစ် သည်။ 

၎င်းက မွတ်စလင် နိုင်ငံ သားများအနေဖြင့် ရန်သူတော် များအပေါ် ဂျီဟတ်စစ်ပွဲဆင်နွှဲရန်၎င်းတို့နေထိုင်ရာ ဒေသများကို လွတ်မြောက်ရေးရရှိအောင် ကြိုး စားရန်နှင့် ယင်းဒေသများတွင် အချုပ်အခြာအာဏာကိုရယူပြီး ကိုယ်ပိုင်ခေါင်းဆောင်များထားရှိ နိုင်ရေး အားထုတ်ကြရန် တိုက် တွန်းခဲ့ခြင်း ဖြစ်သည်။ 

ယခုကြေညာချက်ကြောင့် မဟုတ်ဘဲ လွန်ခဲ့သည့် လေးလခန့် ကတည်းက လေကြောင်း၊ ရေ ကြောင်းဝင်ပေါက်များကို ပုံမှန် ထက်ပိုသည့် လုံခြုံရေးအဆင့်ကို မြှင့်တင်ခဲ့ကြောင်း ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ လုံခြုံရေး အရာရှိတစ်ဦးက ပြောကြား သည်။ 

‘‘အခု လေဆိပ်ဝင်ပေါက် ထွက်ပေါက်မှာ အရင်လို X Ray စက်တင်မကဘူး။ ဗုံးအပါအ၀င် ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ စစ် ဆေးတဲ့ စက်တွေပါ တပ်ထား တယ်။ ဒီသတင်းကြောင့်ရယ် မ ဟုတ်ဘူး။ ၀န်ထမ်းအချင်းချင်းအ ပေါ်ဆုံးအဆင့်ကနေ အောက်ခြေအထိ တစ်ယောက်မကျန် အကုန် အစစ်ဆေးခံရတယ်။ နောက်ပြီး လေဆိပ်ဧရိယာကို ၁၊ ၂၊ ၃၊ ၄ ခွဲ ထားပြီး ကတ်တွေထုတ်ပေးထား တယ်။ ပေးထားတဲ့ ကတ်မှာဖော် ပြထားတဲ့ ဧရိယာကိုပဲ ၀န်ထမ်းကိုသွားခိုင်းတယ်။ အရင်က ၀န်ထမ်းကို မစစ်ဘူး။ ဒါလွန်ခဲ့တဲ့ သုံးလေးလကတည်းက ကြိုလုပ်ခဲ့တာပါ’’ဟု ၎င်းက ပြောသည်။ 

လက်ရှိ ဖွဲ့စည်းပုံအရ ရေ ကြောင်းရဲတပ်ဖွဲ့ရှိသော်လည်း ဖွဲ့စည်းသည်မှာ ကာလမကြာသေး ၍ ရေကြောင်းလုံခြုံရေးကို တပ်မတော်(ရေ)က စောင့်ကြပ်ကြည့်ရှု နေကြောင်း ရေကြောင်းရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ 

အမေရိကန်အစိုးရက အလိုရှိနေသဖြင့် တိမ်းရှောင်ထွက်ပြေး နေသောအယ်လ်ဇာဝါဟီရီ၏ စကားတစ်ခွန်းကြောင့် ပြည်သူများအချင်းချင်းကြား သံသယကြီးထွား ပြီး ပဋိပက္ခများဆီ ပြန်လည်ဦး တည်မသွားရန်လိုကြောင်းလည်း သမ္မတရုံး အကြီးတန်းအရာရှိက ဆိုသည်။ 

‘‘သူပြောတဲ့ ဂျီဟတ်က သိပ်ပြီး စိုးရိမ်တကြီးဖြစ်စရာအ ကြောင်းမရှိပါဘူး။ စိုးရိမ်မှုလွန်ကဲ တာမျိုး မဖြစ်ဖို့ ပြောချင်ပါတယ်။ ပြည်သူတွေကလည်း လုံခြုံရေး သတိနဲ့ ထူးခြားတာတွေ့ရင် သက် ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပေးကြဖို့ လိုပါတယ်’’ ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံတွင် လက်ရှိလုံ ခြုံရေးအစီအမံနှင့် မြေပြင်သတင်းထောက်လှမ်း စုဆောင်းမှုအရ အယ်လ်ကိုင်ဒါကဲ့သို့ အကြမ်းဖက်တိုက်ခိုက်ရေးအဖွဲ့အစည်းမျိုး၊ အကြမ်းဖက်လုပ်ရပ်မျိုးပေါ်ပေါက် ရန် မလွယ်ကူကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့်ရဲအရာ ရှိကြီးတစ်ဦးက ပြောသည်။ 

‘‘ဒီကိစ္စက သူတို့ပြောသ လောက် မလွယ်ပါဘူး။ ကျွန်တော်တို့က လုံခြုံရေးအစီအမံတွေကို ပြင် ပကို ကျိုးပေါက်ပြီး ပြောပြလို့မရ ပါဘူး။ အစီအမံတွေကတော့ အားလုံး ကြိုတင်ပြင်ဆင်ထားပါ တယ်’’ဟု ၎င်းက ပြောသည်။ 

စစ်သွေးကြွများဖြစ်သည့် အစ္စလာမ်မစ် နိုင်ငံတော် (IS) အဖွဲ့ လှုပ်ရှားမှုများအပေါ် တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့် ကြည့်နေချိန်တွင် အယ်လ်ကိုင်ဒါ ခေါင်းဆောင်၏ ယခုကဲ့သို့ ပြောကြားချက်မှာ သူတို့အဖွဲ့အ ပေါ် ကမ္ဘာက ပြန်အာရုံစိုက်ရန် ကြိုးပမ်းခြင်းလည်း ဖြစ်နိုင်ကြောင်းနိုင်ငံတကာ သတင်းများက ဖော်ပြ ကြသည်။ 

7Day Daily

0 comments:

Post a Comment