ယူကရိန်းနဲ့ ခွဲထွက်ရေး သမားတွေ အကြား ဒီကနေ့မှာ အပစ်ရပ်ရေး လက်မှတ်ထိုးဖို့ရှိ

ယူကရိန်း ​အရှေ့ဘက်ခြမ်းမှာ ​ဖြစ်နေတဲ့ ​ပဋိပက္ခတွေကို ​အဆုံးသတ်နိုင်ဖို့အတွက် ​ခွဲထွက်ရေး ​လက်နက်ကိုင် ​အဖွဲ့နဲ့ ​အစိုးရအကြား ​ဒီကနေ့မှာ ​အပစ်အခတ် ​ရပ်စဲရေး ​သဘောတူညီမှု ​လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ ​ယူကရိန်း ​သမ္မတ ​Petro ​Poroshenko ​က ​ပြောကြားလိုက်ပါတယ်။

ငါးလနီးပါး ​ရှိနေပြီဖြစ်တဲ့ ​ပဋိပက္ခကို ​အဆုံးသတ်နိုင်ဖို့ ​အခြေအနေ ​တရပ်အပေါ် ​မူတည်တဲ့ ​အပစ်အခတ် ​ရပ်စဲရေး ​သဘောတူညီမှု ​စာချုပ် ​လက်မှတ်ရေးထိုးသွားမယ် ​ဆိုတဲ့အကြောင်းကို ​ဝေလ ​နိုင်ငံမှာ ​ကျင်း ​ပ ​ပြု ​လုပ် ​တဲ့ ​နေတိုး ​မြောက်အတ္တလန္တိတ် ​စာချုပ်အဖွဲ့ ​အစည်း ​အဝေး ​တက်ရောက်နေစဉ် ​အတွင်း ​ယူကရိန်း ​သမ္မတ ​က ​ပြောခဲ့တာ ​ဖြစ်ပါတယ်။

ယူကရိန်း ​သမ္မတ ​က ​Belarus ​နိုင်ငံ ​မြို့တော် ​Minsk ​မှာ ​ပြုလုပ်မယ့် ​အစည်းအဝေးအတွင်း ​ရုရှားနဲ့ ​ခွဲထွက်ရေးသမားတွေရဲ့ ​ပြောဆိုချက်အပေါ် ​မူတည်ပြီး ​နှစ်ဦးနှစ်ဖက် ​ပါဝင်တဲ့ ​အပစ်အခတ်ရပ်စဲရေး ​လုပ်ဖို့အတွက် ​သူ့ရဲ့ ​စစ်သားတွေကို ​အမိန့်ပေးသွားမှာဖြစ်တယ်လို့ ​ဆိုပါတယ်။

အဲဒါကတော့ ​ရုရှား ​စစ်ပစ္စည်းတွေအားလုံးနဲ့ ​ရုရှားစစ်ကြောင်းတွေအားလုံး ​ယူကရိန်းနယ်မြေထဲကနေ ​ဆုတ်ခွာရမယ်ဆိုတဲ့ ​အချက် ​ပါဝင်ရမယ်လို့ ​ယူကရိန်း ​သမ္မတ ​က ​ပြောပါတယ်။

ဒါပေမဲ့ ​ရုရှား ​သမ္မတ ​Valdimir ​Putin ​ကတော့ ​ယူကရိန်းမှာ ​ငြိမ်းချမ်းရေး ​ပြန်လည် ​တည်ဆောက်ဖို့ ​အတွက် ​သူကိုယ်တိုင် ​ရေးဆွဲထားတဲ့ ​ငြိမ်းချမ်းရေး ​လုပ်ငန်း ​အစီအစဉ် ​ခုနှစ်ချက်ရှိတယ်လို့ ​သိရပါတယ်။

ရုရှားလိုလားတဲ့ ​ခွဲထွက်ရေး ​သမားတွေဘက်ကတော့ ​အပစ်အခတ် ​ရပ်စဲရေး ​စာချုပ်ကို ​ထင်မှတ်ထားသလိုပဲ ​သဘောတူ ​နိုင်ခဲ့မယ် ​ဆိုရင် ​သူတို့ ​အများစုရှိတဲ့ ​Luhansk ​နဲ့ ​Donetsk ​ဒေသတွေမှာ ​အပစ်အခတ် ​ရပ်စဲရေး ​စတင်လုပ်ဆောင်ဖို့ ​အဆင်သင့် ​ရှိနေပြီလို့ ​ဆိုပါတယ်။

ABC Radio Australia


ယူကရိန်း စစ်သားတွေ (Credit: AFP) 


0 comments:

Post a Comment