ရောဂါကြောင့် ကမ္ဘာ့ အကြီးဆုံး လက်ပိုင်ရှင်အဖြစ် ရောက်ရှိနေတဲ့ ထိုင်းအမျိုးသမီး

ထိုင်းနိုင်ငံက အသက် (၅၉)နှစ် အရွယ် ဆမ်မက်ဆာမန်ဟာ ရောဂါ တစ်မျိုးကြောင့် ကမ္ဘာ့ အကြီးဆုံး လက်ပိုင်ရှင်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဆမ်မက်ဆာမန်ဟာ ငယ်စဉ် ဘ၀ကတည်းက ထူးခြားတဲ့ ရောဂါတစ်မျိုး ဖြစ်တဲ့ Macrodystrophia Lipomastosa ရောဂါ ရရှိနေတာ ဖြစ်ပါတယ်။ ဆမ်မက်ဆာမန်ဟာ လက်ချောင်းကနေ ပခုံးအထိ ဒီလို ရောဂါမျိုး ခံစားနေရတဲ့ ပထမဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒီရောဂါရဲ့ အခြေအနေဟာ အလွန်ဆိုးဝါးပြီး ကုသဖို့ ခက်ခဲတယ်လို့ သိရပါတယ်။ 

ဆမ်မက်ဆာမန်ဟာ အသက် (၂၅)နှစ် အရွယ်မှာ ခွဲစိတ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ခက်ခဲတဲ့ ခွဲစိတ်မှု ဖြစ်တာမို့ ထိရောက်စွာ ပြုလုပ်နိုင်ခြင်း မရှိပါ ဘူး။ ဒီရောဂါဟာ ဆမ်မက်ဆာမန်ရဲ့ဘ၀ကိုများစွာ ထိခိုက်စေခဲ့ပါတယ်။ လက်ချောင်းတွေဟာ ဆုပ်ကိုင်ဖို့ ခက်ခဲတာမို့ အရာဝတ္ထု ပစ္စည်းတွေကို ကိုင်တွယ်ရာမှာ များစွာ အခက်တွေ့ခဲ့ပါတယ်။ ဆမ်မက်ဆာမန်ဟာ မွေးကတည်းက ဒီရောဂါဖြစ်ခဲ့တာ ဖြစ်ပြီး ကျောင်းသွားဖို့ ကြောက်ရွံ့နေတာမို့ စာလုံးဝ မဖတ်တဲ့ဘ၀ ရောက်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ညီမ၊ တူမတို့နဲ့ အတူနေထိုင်ပြီး ကုန်စုံဆိုင် ဖွင့်ကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေ ပါတယ်။ ဆမ်မက်ဆာမန်ရဲ့ လက်အလေးချိန်ဟာ သုံးစတုန် အထိရှိပြီး ပျောက်ကင်းအောင် ကုသဖို့ လက်တွေကို ဖြတ်တောက်ပစ်မှ ရမယ်လို့ ဆိုထားပါ တယ်။ အချို့ အချိန်တွေမှာ ဆမ်မက်ဆာမန်ရဲ့ လက်တွေဟာ မခံနိုင်အောင် နာကျင်လွန်း လှပြီး အိပ်မရတဲ့ ညပေါင်းများစွာ ဖြတ်သန်းခဲ့ရပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းက ဆရာဝန်တွေကို အကူအညီတောင်းခံထားပေမယ့် အဖြေရှာနိုင်ခြင်း မရှိသေးလို့ ဆမ်မက်ဆာမန်အတွက် ၀မ်းနည်းစရာ ဖြစ်ခဲ့ပါတယ်။

Messenger

0 comments:

Post a Comment