ချွေးမကို သေသည့်အထိ အငတ်ထားသောယောက္ခမ

တရုတ်နိုင်ငံက ရောဂါကြောင့် အိပ်ရာထဲ လဲနေတဲ့အမျိုးသမီးကို သူ့ရဲ့ယောက္ခမက အရိုးပေါ် အရေတင်ဖြစ်အောင်လုပ်ပြီး သေတဲ့အထိ အငတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
Shangdong သတင်းရဲ့ဖော်ပြချက်အရ Shandong ပြည်နယ်က ၂၆ နှစ်အရွယ် Yang Tian Tian ဆိုတဲ့ ဒီအမျိုးသမီးဟာ ဦးနှောက်ကျုံ့တဲ့ ရောဂါတစ်မျိုးကို ခံစားရပြီးနောက်ပိုင်းမှာ ယောက္ခမဖြစ်သူရဲ့ ဒီလိုမျိုးဆက်ဆံတာကို ခံခဲ့ရတာဖြစ်ပါတယ်။ 
Yang ဟာ အရင်တုန်းက ကျန်းမာရေးကောင်းတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ သူယောကျာ်းဟာ နောက်မိန်းမတစ်ယောက်နဲ့ ဖြစ်နေတာကို သိခဲ့ရပါတယ်။
ဒီကိစ္စအား ယောက္ခမဖြစ်သူကို ပြောတဲ့အခါ ယောကျာ်းတွေ ဒါမျိုးလုပ်တတ်တာ မထူးခြားဘူးလို့ ပြောခဲ့ပါတယ်။ 
စားစရာနဲ့ သောက်စရာရနေရင် ကျေနပ်သင့်တယ်လို့လည်း ပြောခဲ့ပါတယ်။
ကွာပေးဖို့ ပြောပေမဲ့လည်း မရတာကြောင့် ဆေးတွေ အမြောက်အမြားသောက်ပြီး ကိုယ့်ဘဝကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပါတယ်။ 
ဒါပေမဲ့ သူမဟာ ဆေးရုံမှာ မသေခဲ့ဘဲ brain atrophy ဆိုတဲ့ ဦးနှောက်ကျုံ့တဲ့ရောဂါတစ်မျိုးကို ခံစားခဲ့ရပါတယ်။
ယောက္ခမဖြစ်သူဟာ သူ့ကို အိမ်ပြန်ခေါ်ခဲ့ပေမဲ့ တစ်နှစ်လုံးလုံး အစာရေစာ လုံလောက်အောင်မကျွေးဘဲ ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။ 
တစ်ချိန်က ခပ်ဝဝအမျိုးသမီးဖြစ်တဲ့ Yang ဟာ ပုံပါအတိုင်း ပိန်လှီလာပါတယ်။
Yang ရဲ့ညီမ အိမ်လာလည်တဲ့အခါ သူ့အစ်မရဲ့ဖြစ်ပုံကို တွေ့သွားခဲ့ပြီး ယောက္ခမဖြစ်သူနဲ့ ရင်ဆိုင်တွေ့ခဲ့ပါတယ်။ 
ဒီအခါမှာ ယောက္ခမဖြစ်သူက “တစ်မိသားစုလုံးတောင် စားစရာမရှိတာ ငါတို့က သူ့ကို ဘယ်လို ဂရုစိုက်ရမှာလဲ” လို့ ပြောခဲ့ပါတယ်။Yang ကို ဆေးရုံခေါ်သွားဖို့ လုပ်တဲ့အခါမှာလည်း ယောက္ခမဖြစ်သူက ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့က Yang သေဆုံးခဲ့ပါတယ်။

ဖိုးသူတော်

0 comments:

Post a Comment