စပါးနှင့် ဝက်စ်ဟမ်းပွဲတွင် ကွင်းထဲပြေးဝင်ပြီး အလွတ်တည်ကန်ဘော ကန်ခဲ့သူကို တရားသူကြီးချီးကျူး


လန်ဒန်− ပရီးမီးယားလိဂ်၏ ယခု နှစ် ဘောလုံးရာသီ ပထမဆုံး သီ တင်းပတ်အတွင်း စပါးက ဝက်စ် ဟမ်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ သော ပွဲတွင် စပါးအသင်းရရှိထား သော အလွတ်တည်ကန်ဘောအား ကွင်းထဲပြေးဝင်၍ ကန်ခဲ့သည့် ဝက်စ်ဟမ်းပရိသတ် ဂျော်ဒန်ဒန်း (၂၂)နှစ်ကို တရားသူကြီးက ချီး ကျူးစကား ဆိုခဲ့သည်။


ဂျော်ဒန်ဒန်းကို အမှုထမ်းများက ဘောလုံးကွင်းထဲမှ ဆွဲထုတ်သွားခဲ့ပြီးနောက် ၎င်းသည် အချုပ်ခန်းထဲတွင် တစ်ညနေခဲ့ရသည်။ ယင်းပြစ်မှုမျိုးအတွက် အမြင့်ဆုံး ဒဏ်ငွေ ပေါင် ၅,၀၀၀ နှင့် ဘောလုံးပွဲကြည့်ခွင့် ၁၀ နှစ်အထိ ပိတ်ပင်ခံရနိုင်သော်လည်း တရားသူကြီး ဂါရက်ဘရန်စတွန်က ဒဏ်ငွေ ၃၀၅ ပေါင်သာ ဒဏ်ရိုက်ခဲ့ပြီး ဘက်ဟမ်းကဲ့အား အလွတ်တည်ကန်ဘောကို ဝေ့ဝိုက်ကန်ခဲ့သည်ဟု ဂျော်ဒန်ဒန်းကို ချီးကျူးခဲ့သည်။

ဒန်းက ၎င်း၏လုပ်ရပ်နှင့် ပတ်သက်၍ ပြောကြားရာတွင် မိမိသည်ဘီယာခြောက်ဘူးမျှ သောက်ထားပြီး ယခင်ကပင် ဆန္ဒရှိသော လုပ်ရပ်တစ်ခုကို လုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။ ၎င်းသည် ဒဏ်ငွေပေးဆောင်ရန် လိုအပ်သောငွေကို အလှူခံရန် Go Fund Me ဝက်ဘ်ဆိုက်တွင် ကြိုးပမ်းခဲ့ပြီး တစ်ရက်အကြာတွင် လိုအပ်သော ငွေအပြည့်အဝနီးပါး ရရှိခဲ့သည်။

၎င်း၏ အလွတ်တည်ကန် ဘောမှာ စပါးအသင်းမှ အဲရစ်ဆင် ကန်သွင်းခြင်းထက် ကောင်းမွန်သည်ဟု အွန်လိုင်းတွင် ပရိသတ်တစ်ဦးက ရေးသားဖော်ပြပြီး ယင်းလုပ်ရပ်နှင့် ပတ်သက်၍ ဝေဖန်ချီး ကျူးမှု များပြားခဲ့သည်။

—Ref: AFP

0 comments:

Post a Comment