အသစ်ဖွဲ့စည်းထားတဲ့ မြန်မာ ယူ-၂၃ အသင်းနှင့် ဂျပန် JFA ညွန့်ပေါင်း အသင်းတို့ ခြေစမ်းမည်


မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် Japan Football Association တို့ပူးပေါင်းစီစဉ်သည့် မြန်မာ ယူ-၂၃ အသင်းနှင့် ဂျပန် JFA ညွန့်ပေါင်း အသင်းတို့၏ ခြေစမ်းပွဲကို စက်တင်ဘာ ၁ဝ ရက်တွင် သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ခြေစမ်းပွဲကို ယှဉ်ပြိုင် ကစားရန်အတွက် မြန်မာယူ-၂၃ အသင်းကို ကစားသမား ၂၅ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ကိုင်တွယ် သွားမည် ဖြစ်ကာ စက်တင်ဘာ ၄ရက်မှစ၍ လေ့ကျင့်မှု များ ပြုလုပ် သွားမည် ဖြစ်သည်။

မြန်မာ ယူ-၂၃ အသင်းကိုဖွဲ့စည်းရာတွင် မြန်မာ့လက်ရွေးစင် အသင်းမှ ကစားသမားများ ပါဝင်ခြင်း မရှိဘဲ မျက်နှာသစ် ကစားသမား အများစု ရွေးချယ် ခံခဲ့ရသည်။

ယခုဖွဲ့စည်း လိုက်သော မြန်မာ ယူ-၂၃အသင်းတွင် နည်းပြချုပ်- ဦးကြည်လွင်(မကွေး)၊ လက်ထောက် နည်းပြ- ဦးဇော်မင်းထွန်း (မကွေး)၊ ဦးကျော်လွင် (နေပြည်တော်)၊ ဂိုးနည်းပြ- ဦးအောင်သက် (ဟံသာဝတီ)၊ ကစားသမားများ အဖြစ် ဂိုး- ရန်အောင်လင်း (ဟံသာဝတီ)၊ ချမ်းငြိမ်းကျော် (ဧရာဝတီ)၊ နောက်တန်း- နေဇော်အောင် (နေပြည်တော်)၊ ဇော်ဝင်း (ရန်ကုန်)၊ အာကာနိုင်(ရတနာပုံ)၊ ဝေယံ(မကွေး)၊ တလွန်ဟု ပါထန်း (ချင်း)၊ ဝါးရယ်(မနောမြေ)၊ ဝင်းဇင်ဦး (ဇေယျာရွှေမြေ)၊ သိန်းနိုင်ဦး (ကမ္ဘောဇ)၊ ကျော်ဇင်လွင် (မကွေး)၊ အလယ်တန်း- အောင်ရှိုးသာမောင် (မကွေး)၊ လှိုင်ဘိုဘို (ရတနာပုံ)၊ ထူးထူးအောင် (မကွေး)၊ သက်ပိုင်ဦး (ဇေယျာ ရွှေမြေ)၊ သိန်းဇော်(မနောမြေ)၊ ကောင်းဆက်နိုင်(မကွေး)၊ အောင်ကိုကိုဦး(နေပြည်တော်)၊ ရန်နိုင်ထွေး(Southern)၊ မျိုးဇော်ဦး(မကွေး)၊ နိုင်နိုင်ကျော် (ဇွဲကပင်)၊ ရှေ့တန်း- သန့်ဇော်ဟိန်း (နေပြည်တော်)၊ ချစ်စုမိုး (ချင်း)နှင့် ဇင်မင်းထွန်း (ရတနာပုံ)တို့ ပါဝင်ကြသည်။

မြ၀တီ

0 comments:

Post a Comment