ကိုထင်ကျော်ကို နောက်ထပ် ထောင်ဒဏ် ၄ လ ချမှတ်


‘ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု’ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်၊ တရားမ၀င်စီတန်း လှည့်လည်မှုဆိုင်ရာ ပုဒ်မ ၁၈ အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ လ ကျခံဖို့ ဒီနေ့ မြောက်ဥက္ကလာပ မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ ‘ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု’ အဖွဲ့ပြန်ကြားရေး တာဝန်ခံ ကိုကျော်လွင်က အခုလို ပြောပါတယ်။

"၁၈ ရက် ၄ လပိုင်းက ပြည်ထောင်စုအစိုးရကို အလိုမရှိပေါ့၊ ဆန္ဒပြတာကို ၅၀၅ (ခ) နဲ့ အရေးယူတယ်၊ ညပိုင်းမှာ ဖယောင်းတိုင်မီးထွန်းပြီးတော့ ဆန္ဒထုတ်ဖော်တာကို ပုဒ်မ (၁၈) နဲ့ ၄ လ ချတယ်၊ ပုဒ်မ (၁၈) နဲ့က ကျောက်တံတားမှာ ၃ လ၊ သမီးကလေးကျေးရွာကို ဆန္ဒပြလို့၊ နောက်ပြီးတော့ ဗဟန်းမှာ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကို မရမ်းကုန်း ပြည်သူတွေခေါ်သွားလို့ အဲ့ဒီမှာလည်း ၃ လ၊ အခုဒီမှာထပ်ချတာက ၄ လ"

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေလိုက်ဝေခဲ့တဲ့ ကိုထင်ကျော်ကို မြို့နယ် ၁၁ မြို့နယ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားပြီး ဒီနေ့ မြောက်ဥက္ကလာပမြို့နယ်အပါအ၀င် ၉ မြို့နယ်က အမိန့်ချထားပြီးဖြစ်ပါတယ်။

ကိုထင်ကျော်ဟာ မြို့နယ် ၉ မြို့နယ်က ပုဒ်မ ၅၀၅ (ခ) အတွက် ချမှတ်ထားတဲ့ ထောင်ဒဏ်စုစုပေါင်း ၈ နှစ်နဲ့ ၆ လ ကျခံရမှာဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကိုထင်ကျော်ကို ရွှေပြည်သာမြို့နယ်တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမိန့်ချမှာဖြစ်ပါတယ်။

RFA Burmese

0 comments:

Post a Comment