မင်းသားလီဗြောင်ဟွန်းကို ငွေညှစ်ခြိမ်းခြောက်မှုဖြင့်မသင်္ကာဖွယ်အမျိုးသမီးနှစ်ဦးအား ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထား


တောင်ကိုရီးယားရုပ်ရှင်လောကတွင်သာမက ဟောလိဝုဒ်အထိ ထိုးဖောက်ကာ အောင်မြင်မှုများရရှိလျက်ရှိနေသည့် ရုပ်ရှင်ကြယ်ပွင့် လီဗြောင်ဟွန်းအား ငွေညှစ်ခြိမ်းခြောက်မှုဖြင့် မသင်္ကာဖွယ်အမျိုးသမီးနှစ်ဦးအား သက်ဆိုင်ရာမှထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို ဒေသတွင်းမီဒီယာများက သတင်းဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်တွင် ထိန်းသိမ်းခံထားရသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦး မှာတောင်ကိုရီးယားအမျိုးသမီးဂီတအဖွဲ့ GLAM အဖွဲ့ဝင် ဒါဟီးဖြစ်ကြောင်း ၎င်း၏အေဂျင်စီမှ အတည်ပြုပြောကြားခဲ့ပြီး အဆိုပါအမျိုးသမီးနှစ်ဦးမှာ မင်းသားလီဗြောင်ဟွန်းက ညစ်ညမ်းရိုင်းပြသော အသုံးအနှုန်းများသုံးကာ သောက်စားနေပုံများပါဝင်သည့် ဗီဒီယိုဖိုင်ကို ဖြန့်ချိမည်ဟုဆိုကာ တောင်ကိုရီးယားဝမ်ငါးသန်း ခြိမ်းခြောက်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှစုံစမ်းလျက်ရှိကြောင်း သိရသည်။

မင်းသား လီဗြောင်ဟွန်းအနေဖြင့် တောင်ကိုရီးယားမှ ဟောလိဝုဒ်အထိ ထိုးဖောက်ကာ ၂ဝ၁၅ တွင်ထွက်ရှိလာမည့် ဒါရိုက်တာ အယ်လန်တေလာ၏ ပဉ္စမမြောက် Terminator ဇာတ်လမ်းတွဲ Terminator: Genesisတွင် ပါဝင်သရုပ်ဆောင်ထားသူတစ်ဦးလည်းဖြစ်သည်။

0 comments:

Post a Comment