အီရတ်မှာ လူအစုလိုက် သတ်ဖြတ်ခဲ့တဲ့ နေရာတွေ့ရှိ


အီရတ်နိုင်ငံမှာ ​လူအစုလိုက် ​အပြုံလိုက် ​သတ်ဖြတ်ခံထားရတဲ့ ​နေရာတချို့ကို ​တွေ့ရှိထားတယ်လို့ ​လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ​ပြောပါတယ်။

အီရတ်နိုင်ငံ ​Tikrit ​မြို့မှာ ​ISIS ​စစ်သွေးကြွအဖွဲ့တွေကနေ ​လူအယောက်ပေါင်း ​၅၀၀ ​ကျော် ​သတ်ဖြတ်ခဲ့ဖွယ် ​ရှိနိုင်တယ်လို့ ​လူ့အခွင့်အရေးအဖွဲ့က ​ပြောပါတယ်။

ဇွန်လတုန်းက ​အီရတ်စစ်စခန်းတွေကို ​ISIS ​အကြမ်းဖက်သမားတွေ ​ဝင်ရောက်သိမ်းပိုက်တုန်း ​လူအစုလိုက် ​အပြုံလိုက်ကို ​သတ်ဖြတ်ခဲ့တာ ​ဖြစ်နိုင်တယ်လို့ ​ယူဆနေကြပါတယ်။

လူအစုလိုက် ​အပြုံလိုက် ​သတ်ဖြတ်ခံရတဲ့ ​နေရာတွေကို ​တွေ့ရှိပြီးတဲ့နောက် ​အီရတ်နိုင်ငံပါလီမန်မှာ ​အရေးပေါ် ​ဆွေးနွေးမှုတွေလုပ်ဖို့ ​စီစဉ်နေပြီ ​ဖြစ်ပါတယ်။

ABC Radio Australia

0 comments:

Post a Comment