လူငယ်ဂိုဏ်းတစ်ခုရဲ့လက်ကနေ လွတ်မြောက်အောင် ထွက်ပြေးရင်း တံတားပေါ်မှ ပြုတ်ကျကာ သွက်ချာပါဒ ဖြစ်သွားခဲ့ရတဲ့ အထီးကျန် စိတ်ဝေဒနာရှင်ကောင်လေး


အထီးကျန်စိတ်ဝေဒနာရှိနေတဲ့ ကောင်လေးတစ်ယောက်ဟာ နှိပ်စက်တဲ့ လူရမ်းကားတွေရဲ့လက်ထဲကလွတ်မြောက်အောင် ထွက်ပြေးရင်း ပေ ၅၀ မြင့်တဲ့ တံတားတစ်ခုပေါ်က ပြုတ်ကျခဲ့ပါတယ်။ အသက်၁၈နှစ်အရွယ် Joshua Davies ဟာ လူငယ်ဂိုဏ်းတစ်ခုရဲ့လက်ကနေ လွတ်မြောက်အောင် ထွက်ပြေးရင်း တံတားပေါ်မှ ကျောက်တုံးတစ်ခုပေါ်သို့ ပြုတ်ကျပြီး သူ့ရဲ့ကျောရိုး ၄နေရာ ကျိုးပျက်ခဲ့ကာ ခါးကိုလည်းထိသွားတဲ့အတွက် သွက်ချာပါဒ ဝေဒနာရှင် တစ်ယောက် ဖြစ်ခဲ့ရပါတယ်။

အင်္ဂလန်နိုင်ငံ ၊ တောင်ဝေလပြည်နယ် ၊ပွန်တီပရစ်မြို့ မှာနေတဲ့ Joshua Davies ရဲ့ ပထွေးဖြစ်သူ အသက်၃၅နှစ်အရွယ် Michael Morgan ရဲ့ပြောကြားချက်အရ ထိုလူငယ် ရမ်းကားသူအဖွဲ့ဟာ Joshua Davies ကို လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ပစ်မှတ်ထားထားတယ်လို့ သိရပါတယ်။

Joshua Davies နဲ့ သူငယ်ချင်းတစ်ဦးတို့ လမ်းလျှောက်နေစဉ်မှာပဲ ထို လူငယ်ဂိုဏ်းမှ ကောင်လေး တွေက အော်ဟစ်ပြီး လိုက်လံဖမ်းဆီးခဲ့တာကြောင့် Joshua Davies နဲ့ သူငယ်ချင်းလည်း စတီးလ် အောက်ခြေမှာရှိတဲ့ တံတားပေါ်ကို တွယ်တက်ရာမှာ လူငယ်ဂိုဏ်းကကောင်လေးတွေရဲ့ ခဲလုံးနဲ့ပစ်ခတ်မှု Davies ရဲ့ ခြေထောက်နဲ့ ပခုံးတွေကို ထိခိုက်ခဲ့တဲ့အတွက် တံတားပေါ်က ပြုတ်ကျခဲ့ရကြောင်း သိရပါတယ်။

Joshua Davies ဟာ အသက် ၁၄ နှစ် အရွယ်က အထီးကျန်စိတ်ဝေဒနာကို ခံစားခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။ ထို လူငယ်ဂိုဏ်းဟာ Davies ကို ယခုနှစ် အစောပိုင်း ကလည်း အရက်ဝယ် မတိုက်တဲ့အတွက် ရိုက်နှက်ခဲ့ဖူးပါတယ်။ ထိုအဖြစ်အပျက်အတွက် Michael Morgan က ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ရာမှ ရဲတပ်ဖွဲ့က အရေးယူဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သိရပါတယ်။

Ref:dailymail.co.uk
Trend Myanmar

0 comments:

Post a Comment