ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ဥက္ကဋ္ဌအဖြစ် ကချင်လွတ်မြောက်ရေး အဖွဲ့မှ ဗိုလ်ချုပ်ကြီးအင်ဘန်လက သုံး ကြိမ်ဆက်တိုက် ဆက်လက်တာဝန် ယူရန် ဗဟိုအလုပ်အမှုဆောင် ကော် မတီဝင်အသစ်များက ပြန်လည်ရွေး ချယ်ခဲ့ကြောင်း သိရသည်။
UNFC ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဥက္ကဋ္ဌကို ယခင်ဥက္ကဋ္ဌ ကချင်လွတ်မြောက်ရေးအဖွဲ့မှ ဗိုလ် ချုပ်ကြီးအင်ဘန်လက ဆက်လက် တာဝန်ယူပြီး ဒု-ဥက္ကဋ္ဌ(၁)တာဝန်ကို ယခင်အထွေထွေအတွင်းရေးမှူး မွန် ပြည်သစ်ပါတီမှ ဦးနိုင်ဟံသာ၊ အထွေ ထွေအတွင်းရေးမှူးတာဝန်ကို ယခင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ မှ ခူးဦးရယ်၊ တွဲဖက်အထွေထွေအတွင်း ရေးမှူး(၁)တာဝန်ကို ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ကို ရွေးချယ်ခဲ့သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂ရက်အထိ ကျင်းပသည့် UNFC ၏ ပထမအကြိမ် ညီလာခံအပြီး ယခုကဲ့သို့ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်အသစ်များ ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ဒုဥက္ကဋ္ဌ(၂)တာ ဝန်ကို အဖွဲ့ဝင်အဖြစ်မှ ပါဝင်မှု ယာယီ ရပ်ဆိုင်းကြောင်း အသိပေးထားသည့် ကရင်အမျိုးသားအစည်းအရုံးအတွက် သတ်မှတ်ထားခဲ့ကြောင်း သိရသည်။
UNFC တွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း ၁၁ဖွဲ့ဖြင့်ဖွဲ့စည်း ထားကာ အဖွဲ့တစ်ခုချင်းစီမှကိုယ်စား လှယ်နှစ်ဦးမှ လေးဦးအထိ ကိုယ်စား ပြုခွင့်ရှိပြီး အဖွဲ့ဝင်ကိုယ်စားလှယ် ၂၂ဦး ဖြင့် ဖွဲ့စည်းထားကာ ၁ဝဦးမှာ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ အဖြစ် တာဝန်ပေးအပ်ထားကြောင်း သိရသည်။
ညီညွတ်သော တိုင်းရင်းသားလူ မျိုးများ ဖက်ဒရယ်ကောင်စီသည် ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာအတွင်း ဖွဲ့စည်းခဲ့ သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်း ရေးကော်မတီကို ပြောင်းလဲ ဖွဲ့စည်း ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။
ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရန်၊ ဖက်ဒရယ်တပ်မတော်တစ် ခုထူထောင်ရန်နှင့် တိုင်းရင်းသားဒေသ များအား အကာအကွယ်ပေးရန် ရည် မှန်းချက်ဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
TheYangonTimes

Yangon
0 comments:
Post a Comment