စက်ရုံအလုပ်သမားတစ်ဦး ဓါတ်လိုက်ခံရသဖြင့် သေဆုံး


၃.၉.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဆေးရုံသို့ အမျိုးသား တစ်ဦး ဓါတ်လိုက်သေဆုံး ရောက်ရှိ လာကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ကိုကိုလွင်၊ (၂၇)နှစ်ဖြစ်ပြီး ၀ဲဘက်လက်တံ တောင်ဆစ်တွင် ပွန်းပဲ့ဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရ ပါသည်။

ဖြစ်စဉ်အား စုံစမ်းရာ ၎င်းသည် ပလပတစ်စက်ရုံမှ စက်ပြင်အလုပ်သမား တစ်ဦးဖြစ်ပြီး အခင်းဖြစ်ချိန်က စက်ရုံ၏ ပလပ်စတစ်ဖြတ်စက် ပန်ကာကြိုးအား ပြုပြင်စဉ် လျှပ်စစ်ဝါယာကြိုးနှင့် ၀ဲဘက်လက်တံတောင်ဆစ်တို့ ထိမိပြီး ဓါတ်လိုက်ခံရသဖြင့် ဆေးရုံသို့ပို့အပ်စဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၁၈/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment