သတင်းထောက် ၂ ဦး ခေါင်းဖြတ်သတ်ရုပ်သံ တချိန်တည်းတွင် ရိုက်ကူး ခဲ့ခြင်းမဟုတ်ဟု အမေရိကန်အစိုးရ ပြော


အမေရိကန်သတင်းထောက် စတီဗင်စော့လော့ဖ်နဲ့ ဂျိမ်းစ်ဖိုလေးတို့ကို ခေါင်းဖြတ်နေပုံ ပြထားတဲ့ ရုပ်သံတွေအပေါ် ထောက်လှမ်းရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်အရ တချိန်တည်းမှာ ရိုက်ကူးခဲ့တာ မဟုတ်ဘူးလို့ အမေရိကန် အစိုးရ ပြောခွင့်ရ ဂျန်စာကီက စက်တင်ဘာ ၃ ရက်နေ့က ပြောဆိုလိုက်ပြီး ဖိုလေးကို ရိုက်ကူးအပြီးမှာ စော့လော့ဖ်ကို ရိုက်ကူးခဲ့တာလို့ သူကပြောပါတယ်။

အီရတ်ကို အမေရိကန်နိုင်ငံက လေကြောင်းပစ်ကူပေးမှုအပေါ် လက်စားချေတဲ့ အနေနဲ့ အစ္စလာမ္မစ်ပြည်ထောင်စုအဖွဲ့ စစ်သွေးကြွတွေက ဒုတိယမြောက် အမေရိကန် သတင်းထောက်ကို ခေါင်းဖြတ်သတ်ပုံကို စက်တင်ဘာ ၂ ရက်နေ့ က ဖြန့်ချိလိုက်တာပါ။

ဗြိတိန်နဲ့ အမေရိကန် အရာရှိတွေက သြဂုတ် ၁၉ ရက်နေ့က ဖိုလေးကို သတ်ခဲ့ပုံရတဲ့ ဗြိတိသျှလေယူလေသိမ်းနဲ့ သတ်ဖြတ်သူက စော့လော့ဖ်ကိုပါ ထပ်သတ်ပုံရတဲ့ ရုပ်သံကို ကြည့်ရှု စစ်ဆေးအပြီး အစစ်အမှန်ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။

အမေရိကန်ကတော့ အီရတ်က တပ်တွေကို ၂၀၁၁ ခုနှစ်က ပြန်ဆုတ်ခဲ့အပြီး ပထမဆုံး အနေနဲ့ အီရတ်နိုင်ငံကို သြဂုတ်လက စပြီး လေကြောင်းပစ်ကူတွေ ပြန်ပေးခဲ့ပါတယ်။

ဒီပစ်ကူတွေက ထိရောက်မှုရှိကြောင်း သက်သေပြခဲ့ပြီးပြီလို့ အမေရိကန်သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

DVB

0 comments:

Post a Comment