ဆီးရီးယား နိုင်ငံသို့ သွားရောက်၍ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းမည့် တက္ကသိုလ် ကျောင်းသား တစ်ဦး အပါအဝင် အမျိုးသား များကို ဂျပန် ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်သည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များကို ဂျပန်နိုင်ငံမှ ပထမဆုံး အကြိမ်ထောက်ခံသည့် ဖြစ်စဉ်ဖြစ်ပြီး စုံစမ်း မေးမြန်းခြင်း ခံနေရ သူများနှင့် စပ်လျဉ်း၍ တိုကျို ရဲတပ်ဖွဲ့က အသေးစိတ် ထုတ်ပြန် ခဲ့ခြင်း မရှိပေ။ သို့ရာတွင် တိုကျို ရဲတပ်ဖွဲ့သည် အသက်၂၆ နှစ်အရွယ် ဟော့ကိုင်းဒိုး တက္ကသိုလ် ကျောင်းသား တစ်ဦး အပါအဝင် ၄င်းနှင့်အတူ နေထိုင်သည့် အခြား ဂျပန်အမျိုးသား များကို ဆီးရီးယား နိုင်ငံသို့ သွားရောက်ရန် ကြံစည်နေစဉ် ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ကြောင်း NHK သတင်းဌာနက ပြောကြား ခဲ့သည်။
အာဏာပိုင် များ၏ ပြောကြားချက် အရ ရဲတပ်ဖွဲ့သည် ၄င်းတို့ အားလုံးကို တရားဝင် ဖမ်းဆီးခဲ့ခြင်း မဟုတ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၏ တရားဥပဒေ အရ နိုင်ငံသား တစ်ဦးသည် စစ်ပွဲတွင် ပါဝင်ရန် ကြိုးပမ်း ခဲ့ပါက ထောင်ဒဏ်ငါးနှစ် အထိ ကျခံရဖွယ် ရှိကြောင်း သိရသည်။
PyiChitThar

Yangon
0 comments:
Post a Comment