ယောက်ျားကနေမိန်းမဘဝပြောင်းထားတဲ့ချစ်သူကိုသက်ဖြတ် ချက်ပြုတ်စားပြီးနောက်ကိုယ်ကိုလည်ပင်းဓားနှင့်လှီးပြီး သတ်သေသွား



သြစတြေးလျ၊ ဘရစ်စဘိန်းမြို့မှာ စားဖိုမှုးတစ်ဦးက သူ့ချစ်သူ မိန်းကလေးကို သတ်ပြီးအလောင်းကို ဖြတ်တောက်ချက်ပြုတ်စားနေခဲ့ရာမှာ ရဲတွေလာဖမ်းတဲ့အချိန်မှာ ၎င်းကိုယ်ကို လည်ပင်းဓားနှင့်လှီးပြီး သတ်သေသွားတဲ့ ရွံစရာကောင်းလှတဲ့ အမှုပါ။

ကျူးလွန်သူ နာမည်က မားကပ်စ် ပီတာ ဗောက်၊ အသက် ၂၈ နှစ် ဖြစ်ပါတယ်။ စားဖိုမှုး တစ်ယောက်ဖြစ်ပါတယ်။ အသတ်ခံရသူအမည်က မာယမ် ပရာဆတ်ယို ဖြစ်ပါတယ်။ မာယမ် ပရာဆတ်ယိုက အင်ဒိုနီးရှားလူမျိုးဖြစ်ပြီး ယောက်ျားကနေ မိန်းမဘဝ ပြောင်းထားတဲ့ ပြည့်တန်ဆာတစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ဦးက အပျော်စီးသင်္ဘောတစ်ခုပေါ်မှာ အလုပ်လုပ်ရင်း ချစ်သူတွေ ဖြစ်ခဲ့ကြတာလို့ ဆိုကြပါတယ်။


ဗောက်က ပရာဆတ်ယိုကို ဘယ်အချိန်ကတည်းက သတ်ခဲ့တယ်ဆိုတာတော့ မသိရပါဘူး။ အပုပ်နံ့တွေ ထွက်နေခဲ့တာတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များကတည်းကတိုင် ဖြစ်ပါတယ်။ အလောင်းရဲ့ ကိုယ်လက်အင်္ဂါ အစအနတွေကို အမှိုက်ပုံးထဲမှာ ရဲက တွေ့ရှိခဲ့ရပါတယ်။

ဗောက်ရဲ့ မီးဖိုချောင်ထဲမှာလည်း ခန္ဓာကိုယ် အပိုင်းအစတွေ ရှိနေပြီး ချက်စားနေတယ်လို့ ယုံကြည်ရပါတယ်။ ရဲက ဗောက်ရဲ့ တိုက်ခန်းကို စစ်ဆေးချိန်မှာ ဗောက်က သူ့လည်ပင်းသူ ဓားနှင့်လှီးပြီး ထွက်ပြေးခဲ့ကာ လမ်းဘေးတစ်နေရာမှာ သူ့အလောင်းကို တွေ့ခဲ့ရပါတယ်။

ရွှေမြန်မာမီဒီယာ

0 comments:

Post a Comment