ထောက်လှမ်းရေး အရာရှိဟောင်း ၇ ဦးအပါအ၀င် အကျဉ်းသား ၃၀၇၃ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ


မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေ ရသော မြန်မာနိုင်ငံသား ၃၀၁၅ ဦးနှင့် နိုင်ငံခြားသား ၅၈ ဦး၊စုစုပေါင်းအကျဉ်းသား ၃၀၇၃ ဦး ကို ယနေ့ အောက်တိုဘာ ၇ ရက်နေ့တွင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌါနက သိရသည်။

ယင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) အရ နိုင်ငံတော်သမ္မတကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက်လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း လွတ်ငြိမ်းချမ်း သာခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသော အကျဉ်းသားဟောင်းများထဲတွင် ယခင်စစ်အာဏာရှင်ဟောင်းထောက်လှမ်းရေး အရာရှိကြီး ၇ ဦးလည်းပါဝင်ကြောင်း၊မန္တလေး ထောက်လှမ်းရေးကွပ်မှု အဖွဲ့မှုး ဗိုလ်မှုးကြီးမင်းသူ၊ ဗိုလ်မှုးနိုင်ဌေး၊ ဗိုလ်မှုးကြီး အောင်ဇော်စသည်တို့လည်း ပါဝင်ကြောင်း သတင်းရရှိသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment