ဦးဏှောက်နဲ့ အာရုံကြော ဆရာဝန် ၃ ဦး ဆေးပညာ နိုဘယ်ဆု ပူးတွဲရရှိ

အခု နှစ်အတွက် ဆေးပညာ ဆိုင်ရာ နိုဘယ် ဆုကို ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဆေးပညာရှင် ၃ ယောက် ပူးတွဲ ရရှိတယ်လို့ နိုဘယ်ဆု ကော်မတီက မနေ့က ကြေညာပါတယ်။ 


ဓာတ်ပုံ-Nobelprize.org
မှတ်ဥာဏ်ဆိုင်ရာ တည်နေရာ သိရှိမှု ဆိုင်ရာ ဆဲလ်တွေ အလုပ် လုပ်ပုံကို တွေ့ရှိခဲ့ကြတဲ့ အမေရိကန် နိုင်ငံ သား John O'Keefe၊ နော်ဝေ ဇနီးမောင်နှံ May-Britt Moser နဲ့ Edvard Moser တို့ကို ဒီနှစ်အတွက် ဆေး ပညာ နိုဘယ်ဆုရှင်တွေ အဖြစ် ကြေညာခဲ့တာပါ။ 

လူသားဟာ မိမိပတ်ဝန်းကျင်က အရာတွေကို မှတ်သားမှုကိစ္စမှာ ဦးဏှောက်ရဲ့ စွမ်းဆောင်မှုကို လူတွေ ပိုသိသွားအောင် ဖော်ထုတ်ပေးခဲ့လို့ ဆု ရွေးချယ်ရေး ကော်မတီက ဆိုထားပါတယ်။ 

ကျနော်တို့ ဘယ်မှာ ရှိနေတယ်ဆိုတာ ကျနော်တို့ ဘယ်လိုသိလဲ၊ တနေရာက တနေရာကို သွားတဲ့ လမ်း ကို ကျနော်တို့ ဘယ်လို တွေ့နိုင်လဲ၊ ပြီးတော့ လမ်းတလျှောက် အချက်အလက်တွေကို ကျနော် တို့ ဘယ် လို မှတ်သားသိမ်းဆည်းထားလဲ၊ နောက်ထပ် ဒီလမ်းကို တွေ့တဲ့အခါ ကိုယ်သွားခဲ့တဲ့ လမ်း ကို ဘယ်လို မှတ်မိတာလဲ စတဲ့ ဦးဏှောက်ဆိုင်ရာ မှတ်သားမှု အလုပ်လုပ်ပုံတွေကို ဒီ ပညာရှင် ၃ ဦးက အများသိရှိနား လည်အောင် ဖော်ထုတ်ပြသသွားခဲ့လို့ အခုလို ဆုကို ရရှိသွားခဲ့တာပါ။ 

အခုလို တွေ့ရှိမှုကြောင့် ဦးဏှောက်နဲ့ပတ်သက်တဲ့ ရောဂါ တွေကုသရေးမှာ အထောက်အကူဖြစ်ဖို့ မျှော် လင့်နိုင် မှာလည်း ဖြစ်ပါတယ်။ 





အိမ့်သံစဉ် ~ 
ဧရာဝတီ 

0 comments:

Post a Comment