ထောက်လှမ်းရေးအရာရှိဟောင်း ကိုးဦး အပါအ၀င် အကျဉ်းသား ၃၀၀၀ ကျော် လွတ်ငြိမ်းခွင့်ပေး

မြင်းခြံထောင်မှ လွတ်မြောက်လာပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ရောက်ရှိလာသော ထောက်လှမ်း ရေးတပ်မှ ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေ ကို တွေ့ရစဉ် (စိုးဇေယျထွန်း/ရိုက်တာ)

ထောက်လှမ်းရေးအရာ ရှိ ကိုးဦးအပါအ၀င် ပြစ်ဒဏ်ကျ အကျဉ်းသား သုံးထောင်ကျော် အား သမ္မတက လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွှတ်ပေးလိုက်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော စစ်ထောက်လှမ်းရေးများထဲတွင် ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေ၊ ဗိုလ်မှူးကြီး အောင်ဇော်၊ ဗိုလ်မှူး ကြီးဟောင်းတင်လှ၊ ဗိုလ်မှူးကြီး မောင်မောင်သန်း၊ ဗိုလ်မှူးကြီး မြင့်ဦး၊ ဗိုလ်မှူးကြီးမင်းသူ၊ ဗိုလ်မှူးဝင်းနိုင်၊ ဗိုလ်မှူးစန်းအောင်နှင့် ဗိုလ်မှူးနိုင်ဌေး(ဦးခင်ညွန်၏ ကိုယ် ရေးအရာရှိ)တို့ ပါဝင်ကြောင်း မိသားစုဝင်များထံမှ သတင်းရရှိ သည်။

‘‘ထောက်လှမ်းရေးတွေ ပြန် လွှတ်ဖို့ ဘယ်သူကမှ ဖိအားမပေး ဘူး။ ဘယ်နိုင်ငံကမှလည်း တောင်းဆိုတာမရှိဘူး။ သမ္မတ အနေနဲ့ သူ့အခွင့်အာဏာအရ ပုံမှန်လွှတ်ပေးတဲ့ သဘောပဲ။ လွတ်လပ်ရေးရပြီးကတည်းက အစဉ်အဆက်ဒီလိုပဲ။ နိုင်ငံတည်ဆောက်မှုမှာပါဝင်နိုင်ဖို့ အကျဉ်းကျကာလ မှာ ကောင်းမွန်စွာ နေထိုင်တဲ့သူ တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေး ခဲ့ကြတာပဲ။ အခုထောက်လှမ်း ရေးဟောင်းတွေအပါအ၀င် ဘယ် အကျဉ်းသားမဆို လွှတ်ပေးခဲ့တာ ဟာ နိုင်ငံတကာဆက်ဆံရေးမှာ အလဲအလှယ်လုပ်ရမယ့်သူတွေ လည်း မဟုတ်ဘူး’’ဟု သမ္မတရုံး အကြီးတန်းအရာရှိကပြောသည်။

‘‘ထောက်လှမ်းရေး ရှစ်ဦးပါ တယ်လို့ကြားတယ်။ ကျွန်တော် တို့ နိုင်ကျဉ်းကော်မတီက တင်ပြ တာမဟုတ်ပါဘူး။ သမ္မတက လွတ်ငြိမ်းခွင့်ပေးတာပါ။ ကျွန် တော်တို့ကတော့ ဘယ်သူလွတ် လွတ်ဝမ်းသာပါတယ်’’ဟု လက် ကျန်နိုင်ငံရေးအကျဉ်းသားစိစစ် ရေးကော်မတီဝင် ဦးရဲအောင်က ပြောသည်။

စစ်ထောက်လှမ်းရေး ထိပ်တန်း အရာရှိကြီးများ လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍ ‘‘သူတို့ လွတ်လာတဲ့အပေါ်မှာတော့ သူတို့ဟာ ပြည်သူလူထုအပေါ်မှာ အကြွေးရှိတယ်လို့ခံယူဖို့လိုတယ်။ အဲဒါကို ဘယ်လိုကောင်းရာ ကောင်းကျိုးတွေနဲ့ ပြန်ပေးဆပ်မလဲဆိုတာ ပြည်သူတွေ စောင့်ကြည့်နေလိမ့်မယ်’’ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။

နိုင်ငံတော်သမ္မတ၏ လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်း ထောင်အသီးသီးမှ အကျဉ်းသား ၃၀၇၃ ဦးလွတ်မြောက်လာပြီး ယင်းတို့အထဲတွင် နိုင်ငံခြားသား ၅၈ ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင် အချို့ပါဝင်သည်ဟု သတင်းရရှိ သည်။

‘‘အင်းစိန်ထောင်က ၂၀၉ ဦးလွှတ်ပါတယ်။ အထဲမှာ နေ တာ တစ်နှစ်လောက်ရှိပြီ။ လွတ် ဖို့လည်း ခြောက်လ၊ခုနစ်လလိုတဲ့ သူတွေကို လွှတ်တာပါ။ အမေရိ ကန်နိုင်ငံသားတစ်ဦးနဲ့ ထိုင်ဝမ် နိုင်ငံသား တစ်ဦးလည်းပါတယ်’’ ဟု အကျဉ်းဦးစီးဌာနညွှန်ကြား ရေးမှူး ဦးမောင်မောင်အေးက ပြောသည်။

‘‘ကျွန်မက အနှစ် ၂၀ ကျ တယ်။ နိုင်ငံတော်လွတ်ငြိမ်းခွင့်နဲ့ ၁၁ နှစ် သက်သာခွင့်ရတယ်။ အထဲမှာ ၆ နှစ်နေခဲ့ရတယ်။ အခု လွတ်ဖို့ ၃ လအလိုမှာ လွတ်လာ တာပါ’’ဟု မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခဲ့သူ မတင်တင်ဝင်းက ပြောသည်။

ယခုတစ်ကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်တွင် စစ်ထောက်လှမ်း ရေးမှ အရာရှိများပါဝင်သော် လည်း နိုင်ငံရေး အကျဉ်းသမား များမပါဝင်ခြင်း၊ မီဒီယာသမား များမပါဝင်ခြင်းနှင့် တောင်သူ လယ်သမားအရေး၊ အလုပ်သမား အရေးဖြင့် အကျဉ်းကျခံနေရသူ များမပါဝင်သဖြင့် ယခုအကြိမ် လွတ်ငြိမ်းသက်သာခွင့်သည် နိုင်ငံ ရေးအရ ကြီးကြီးမားမားအကျိုး သက်ရောက်မှု မရှိနိုင်ကြောင်း ဒေါက်တာရန်မျိုးသိမ်းက ပြော သည်။ သမ္မတဦးသိန်းစိန်အနေ ဖြင့် သမ္မတသက်တမ်း သုံးနှစ် ကျော်ကာလအတွင်း အကျဉ်း သား သုံးသောင်းကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်တွင် အာ ဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် အမေရိကန် သမ္မတအိုဘားမားနှင့် ကုလအ တွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ လာရောက်ရန်ရှိပြီး ၎င်းတို့ခရီးစဉ် မတိုင်မီ တစ်လအလိုတွင် ယခုကဲ့ သို့ လွတ်ငြိမ်းချမ်းသာခွင့်များပေး ခဲ့ခြင်းဖြစ်သည်။ လက်ရှိစာရင်း ဇယားများအရ အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီလာ ရောက်စဉ်က အထူးဆွေးနွေးထား သည့် ယူနတီသတင်းထောက် များလွတ်ငြိမ်းစာရင်းတွင် မပါ ၀င်ကြောင်း ယူနတီ ဂျာနယ် သတင်းထောက် ကိုလူမော်နိုင်၏ ဇနီးမလွင်လွင်မြင့်က ပြောကြား သည်။

အမေရိကန်သမ္မတ၊ ကုလ အတွင်းရေးမှူးချုပ်တို့ ခရီးစဉ်နှင့် မဆိုင်ဘဲ နိုင်ငံပြုပြင်ပြောင်းလဲရေးတွင်ပါဝင်ရန် လမ်းဖွင့်ပေးခြင်းသာ ဖြစ်ကြောင်း လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ် သက်၍ သမ္မတရုံးမှ အထက်ပါ အရာရှိက ငြင်းဆိုပြောကြားသည်။

သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ(က) နှင့် အညီ အကျဉ်းထောင်အသီးသီး တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား ၃၀၇၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။

‘‘အခုလွှတ်လိုက်တဲ့ ထောက်လှမ်းရေးဟောင်းတွေအားလုံးက တကယ့်ကို Key Player တွေ ပေါ့။ ဗိုလ်မှူးနိုင်ဌေးဆို ဗိုလ်ချုပ် ခင်ညွန့်ရဲ့ တကယ့် လက်ရင်း တပည့်။ ဗိုလ်ခင်ညွန့်ဆုံးဖြတ် ချက်တော်တော်များများမှာ သူ့ အကြံယူရတယ်။ တော်တော် လည်း သြဇာညောင်းတဲ့သူ။ ဗိုလ် မှူးမင်းသူတို့။ ဗိုလ်မှူးချုပ်သိန်း ဆွေတို့ဆိုလည်း တကယ့်ကို Key Player တွေ။ ဒီလူတွေကို အခုစမ်းလွှတ်ကြည့်ပြီးတဲ့နောက် စောင့် ကြည့်ပြီး ဘာလှုပ်ရှားမှု၊ ဘာ Counter မှ မရှိဘူးဆိုရင် အထဲမှာ ကျန်နေတဲ့ ထောက်လှမ်းရေး ၁၆ ယောက်လည်း တဖြည်းဖြည်းနဲ့ လွတ်မယ်လို့ မျှော်လင့်တယ်’’ ဟု တပ်မတော်အရာရှိတစ်ဦးကပြောကြားသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများအနက် အောက်တိုဘာ ၇ ရက်တွင် အင်း စိန်ထောင်မှ ၂၀၉ ဦး၊မန္တလေး ထောင်မှ ၁၆၀ ကျော်၊ ဧရာဝတီ တိုင်းမှ ၂၁၀ ဦး၊ ပခုက္ကူမှ ၁၀ ဦး အသီးသီးလွတ်မြောက်လာ ကြောင်း သတင်းရရှိသည်။
7 Day

0 comments:

Post a Comment